back

ဘန်ကောက်က ဈေးဝယ်စင်တာမှာ မွေးကင်းစ ကလေးကို စွန့်ပစ်ထားခဲ့တဲ့ ဖိလစ်ပိုင် အမျိုးသမီး အဖမ်းခံရ

Mar 23 • 2:48 AM

breaking-news

Thailand

Local News

cover

ဘန်ကောက်က ဈေးဝယ်စင်တာမှာ မွေးကင်းစ ကလေးကို စွန့်ပစ်ထားခဲ့တဲ့ ဖိလစ်ပိုင် အမျိုးသမီး အဖမ်းခံရ

ဘန်ကောက် မြို့ Sukhumvit လမ်း မှာရှိတဲ့ ဈေးဝယ်စင်တာကြီးတစ်ခုရဲ့ အမျိုးသမီး အိမ်သာထဲက အမည်းရောင် ပလတ်စတစ်အိတ် တစ်လုံးထဲမှာ မွေးကင်းစ ကလေးငယ် တစ်ဦးရဲ့ ရုပ်အလောင်း...

ဘန်ကောက် မြို့ Sukhumvit လမ်း မှာရှိတဲ့ ဈေးဝယ်စင်တာကြီးတစ်ခုရဲ့ အမျိုးသမီး အိမ်သာထဲက အမည်းရောင် ပလတ်စတစ်အိတ် တစ်လုံးထဲမှာ မွေးကင်းစ ကလေးငယ် တစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီးနောက် အသက် ၂၅ နှစ်အရွယ် ဖိလစ်ပိုင် အမျိုးသမီး တစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။CCTV မှတ်တမ်းတွေမှာတော့ နိုင်ငံခြားသူ တစ်ဦးဟာ ပန်းရောင် လက်ဆွဲအိတ်နဲ့ အဖြူရောင် အိတ်တစ်လုံး ကိုင်ဆောင်ပြီး အိမ်သာထဲ ဝင်သွားတာကို တွေ့ရပါတယ်။ အဲဒီနောက် သူမဟာ ဈေးဝယ်စင်တာကနေ ထွက်ခွာသွားပြီး Bangkok Apiwatthana Bus Terminal ကို တက္ကစီနဲ့ သွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က သူမကို အဲဒီ ကားဂိတ်မှာပဲ သွေးစွန်းနေတဲ့ အဝတ်အစားတွေနဲ့အတူ ခြေရာခံ မိခဲ့ပါတယ်။ သူမကို Police General Hospital ကို ခေါ်ဆောင်သွားရာမှာတော့ ဆရာဝန်တွေက သူမဟာ မကြာသေးမီကမှ ကလေးမီးဖွားထားကြောင်း အတည်ပြုပေးခဲ့ပြီး ဆေးရုံတင် ကုသမှု ခံယူနေရပါတယ်။အာဏာပိုင်တွေဟာ အဲဒီ ကလေးငယ်ဟာ သူမရဲ့ ကလေး ဟုတ်မဟုတ်နဲ့ ‌ေ-သဆုံးရတဲ့ အကြောင်းရင်းကို သိရဖို့ ဓာတ်ခွဲခန်း အဖြေတွေကို စောင့်ဆိုင်းနေပါတယ်။ စုံစမ်းစစ်ဆေးသူတွေကတော့ လက်ရှိ အထောက်အထားတွေအရ သူမဟာ မိခင်ဖြစ်နိုင်တယ်လို့ ဆိုပေမယ့် တရားဝင် ဆေးပညာ မှတ်တမ်းကသာ အတည်ပြုပေးနိုင်မှာ ဖြစ်ပါတယ်။ သူမဟာ အလောင်းကို ဖျောက်ဖျက်မှုနဲ့ စွဲချက်တင်ခံရဖို့ ရှိနေပြီး ရဲတပ်ဖွဲ့ကလည်း သိရှိသူတွေ အနေနဲ့ လာရောက် သတင်းပေးကြဖို့ တောင်းဆိုထားပါတယ်။

news-view-count-icon

7