back

မန်စီးတီးအသင်း အကောင်းဆုံးအနေအထားပြန်ရောက်ဖို့ နီးစပ်နေပြီလို့ ဂွါဒီယိုလာ ယုံကြည်

Mar 23 • 2:46 AM

breaking-news

Myanmar

International

cover

မန်စီးတီးအသင်း အကောင်းဆုံးအနေအထားပြန်ရောက်ဖို့ နီးစပ်နေပြီလို့ ဂွါဒီယိုလာ ယုံကြည်

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာဟာ သူ့ရဲ့အသင်း အကောင်းဆုံးအနေအထားပြန်ရောက်ဖို့ နီးစပ်နေပြီလို့ ယုံကြည်နေပါတယ်။မန်စီးတီးအသင်းဟာ ကြားရက်မှာ ရီးယဲလ်မက်ဒရစ်အသင်းကိုခ...

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာဟာ သူ့ရဲ့အသင်း အကောင်းဆုံးအနေအထားပြန်ရောက်ဖို့ နီးစပ်နေပြီလို့ ယုံကြည်နေပါတယ်။မန်စီးတီးအသင်းဟာ ကြားရက်မှာ ရီးယဲလ်မက်ဒရစ်အသင်းကိုချန်ပီယံလိဂ်မှာ နှစ်ကျော့စလုံးအရေးနိမ့်ခဲ့ပြီး ၂၀၂၃ ခုနှစ်ကလိုမျိုးဖလားသုံးလုံးအိပ်မက် ပျက်ပြယ်ခဲ့ရပြီဖြစ်ပါတယ်။ဂွါဒီယိုလာရဲ့မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီကလည်း ဖလားလက်မဲ့ရာသီကို ဖြတ်သန်းခဲ့ရပါတယ်။''ကျွန်တော်တို့ အောင်မြင်နိုင်တဲ့ဆိုတဲ့အောက်မှာအကြောင်းအရာများစွာ ခံစားချက်မျိုး ရှိခဲ့ပါတယ်။ ဒီခံစားချက်က နီးကပ်နေပါပြီ။ တခြားအရာတွေက ကျွန်တော်တို့ သိမြင်ရေး အချိန်ပိုယူဖို့ လိုအပ်ပါတယ်။ ကစားသမားတွေလည်း ကျွန်တော်တို့ အခန်းကဏ္ဍများစွာမှာတောင့်တင်းတဲ့အသင်းဖြစ်ဖို့ လိုအပ်ချက်တွေကို သိမြင်ရပါမယ်။ ဒါပေမဲ့ အများစုမှာတော့ ကျွန်တော်တို့ အနီးကပ်ဆုံးရောက်နေပါတယ်''လို့ ဂွါဒီယိုလာက ပြောခဲ့ပါတယ်။မန်စီးတီးအသင်းဟာ ယနေ့ အာဆင်နယ်နဲ့ ကစားမယ့် လိဂ်ဖလား ဗိုလ်လုပွဲအပြင် FA ဖလားမှာလည်း ကွာတားဖိုင်နယ် တက်ရောက် ထားကာ လီဗာပူးလ်အသင်းနဲ့ တွေ့ဆုံရပါလိမ့်မယ်။

news-view-count-icon

9