အထူးဒေသ(၆)၊ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊(ဒဲဉ်သီႏဗွေကွင်း)ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဒဲဥ်သီႏဗွေခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကူညီပံ့ပိုးမှုနှင့်ပအိုဝ်းစာပေယဉ်ကျေးမှု(ဗဟို)တို့ပူးပေါင်းဖွင့်လှစ်သော (TA/LT)ပအိုဝ်းဆရာ/ဆရာမများ မွမ်းမံသင်တန်းကို ယနေ့ မတ်လ ၂၂ ရက်နေ့ တွင် သင်တန်းဆင်းပွဲ ဂုဏ်ပြုလက်မှတ် ပေးအပ်ခဲ့ပါသည်။ပအိုဝ်းဆရာ/ဆရာမများ မွမ်းမံသင်တန်းတွင် သင်တန်းဆရာတော် ၅ပါးနှင့် သင်တန်းဆရာ/ဆရာမ ၉ ဦးတို့က ပအိုဝ်းစာ ပေနှင့် သဘာဝပတ်တန်းကျင်ဆိုင်ရာ၊ သတိရှိပါ၊ ကွန်ပျူတာနည်းပညာ၊ လူမှုဆက်ဆံရေး စသည့် ဘာသာရပ်များတွင်သင်ကြားပေးခဲ့ကြောင်း သိရသည်။ထိုသင်တန်းတွင် တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ ကလော၊ ရပ်စောက်၊ ကျောက်တလုံး၊ မောက်မယ်၊ ရန်ကုန်၊ မန္တလေး စသည့် မြို့နယ်များရှိ သင်တန်းကျောင်းသား/သူများ ၉၀ ကျော် တက်ရောက်သင်ယူခဲ့ကြကြောင်း သိရှိရပါသည်။
Mar 23 • 2:45 AM
Myanmar
Shan
Share
| 9 | 0 | 0 | 0 |


