ပြည်တွင်းရှိ စာအုပ်စျေးကွက်အတွင်း ယခင်က အရောင်းထိုင်းခဲ့သည့် ဘာသာစကား လေ့လာရေးဆိုင်ရာ စာအုပ်များမှာ ယခုနောက်ပိုင်းတွင် ပြန်လည်၍ အရောင်းသွက်လာသည့်အပြင် စျေးနှုန်းများပါမြင့်တက်လာကြောင်း ရန်ကုန်အခြေစိုက် စာအုပ်အရောင်းဆိုင်များထံမှ သိရသည်။လတ်တလောတွင် ဘာသာစကားသင်တန်းများသို့ တက်ရောက်သင်ယူမှုထက် စာအုပ်များဝယ်ယူ၍ လေ့လာသူများလည်း အများအပြားရှိနေကြသည်။ထိုဘာသာစကား စာအုပ်များတွင် ဂျပန်ဘာသာ၊ ကိုရီးယားဘာသာစကား စာအုပ်များနှင့် တရုတ်ဘာသာစကား စာအုပ်များ ပါဝင်ကြောင်း၊ ဆိုင်တွင်လာဝယ်သူများရှိသလို နယ်မှဖုန်းဆက်၍ ငွေလွှဲဖြင့်မှာယူကာ Delivery Service များဖြင့် ချိတ်ဆက်ဝယ်ယူခြင်းများလည်းရှိကြောင်း သိရသည်။ထိုသို့ အရောင်းအဝယ်သွက်လာမှုနှင့်အတူ ယခင်ကပျမ်းမျှ ၄,၀၀၀ ကျပ်ဝန်းကျင်မှ ၆,၀၀၀ ကျပ်ကြား ရှိသည့် စာအုပ်များမှာ ၁၈,၀၀၀ ကျပ်မှ ၂၅,၀၀၀ ကျပ်ကြားအထိ စျေးနှုန်းများလည်း မြင့်တက်လာကြောင်း သိရသည်။
Mar 23 • 1:45 AM
Myanmar
Yangon
Share
| 13 | 0 | 0 | 0 |


