back

တရုတ်နိုင်ငံ၏ တိုးပွားလာသော အခွင့်အလမ်းများကို ပြည်ပကုမ္ပဏီများ လာမည့် ငါးနှစ်အတွင်း သိမြင်လာမည်ဟု တရုတ်များပြော

Mar 23 • 1:44 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံ၏ တိုးပွားလာသော အခွင့်အလမ်းများကို ပြည်ပကုမ္ပဏီများ လာမည့် ငါးနှစ်အတွင်း သိမြင်လာမည်ဟု တရုတ်များပြော

တရုတ်နိုင်ငံအနေဖြင့် လာမည့် ငါးနှစ်တာကာလအတွက် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အနာဂတ်စီမံချက်သစ်ကို ချမှတ်ကျင့်သုံးလျက်ရှိသည်နှင့်အမျှ နိုင်ငံစုံတွင် အခြေစိုက်သည့် ကု...

တရုတ်နိုင်ငံအနေဖြင့် လာမည့် ငါးနှစ်တာကာလအတွက် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အနာဂတ်စီမံချက်သစ်ကို ချမှတ်ကျင့်သုံးလျက်ရှိသည်နှင့်အမျှ နိုင်ငံစုံတွင် အခြေစိုက်သည့် ကုမ္ပဏီကြီးများနှင့် တစ်ကမ္ဘာလုံးမှ ရင်းနှီးမြှုပ်နှံသူများသည် ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ၏ အဓိက ကဏ္ဍများ၌ ခိုင်မာသေချာသည့် အခွင့်အလမ်းများကို သိမြင်လာကြပြီး တရုတ်ဈေးကွက်၌ ၎င်းတို့၏ အခြေချမှုကို ချဲ့ထွင်ရန် ဆန္ဒရှိသည်ဟု ထုတ်ဖော်ပြောဆိုလျက်ရှိသည်။ ဉာဏ်ရည်တုနည်းပညာ (AI) ၊ အရည်အသွေးမြင့် ကုန်ထုတ်လုပ်မှု၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် စွမ်းအင်သစ် စသည့် နယ်ပယ်များတွင် တရုတ်ကုမ္ပဏီများက ပြသလျက်ရှိသော ဆန်းသစ်တီထွင်မှု အရှိန်အဟုန်သည် တရုတ်နိုင်ငံ၏ ပိုင်ဆိုင်မှု အရင်းအမြစ်များအပေါ် သဘောထားအမြင်များကို ပြန်လည်ပုံဖော်ပေးနေသည်ဟု UBS AG ဘဏ်လုပ်ငန်း၏ တရုတ်နိုင်ငံဆိုင်ရာ အကြီးအကဲနှင့် UBS Securities ၏ ဥက္ကဋ္ဌဖြစ်သူ ဂျန်းနစ်စ်ဟူက ဆိုသည်။

news-view-count-icon

5