back

တရုတ်သမ္မတရှီက ၁၀ ကြိမ်မြောက် CELAC ထိပ်သီးအစည်းအဝေးသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့

Mar 23 • 1:42 AM

breaking-news

China

Local News

cover

တရုတ်သမ္မတရှီက ၁၀ ကြိမ်မြောက် CELAC ထိပ်သီးအစည်းအဝေးသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာတွင် မတ် ၂၁ ရက်က ဖွင့်လှစ်ကျင်းပခဲ့သည့် လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း ...

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာတွင် မတ် ၂၁ ရက်က ဖွင့်လှစ်ကျင်းပခဲ့သည့် လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ၏ ၁၀ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။CELAC အား စတင်တည်ထောင်ချိန်မှစ၍ လက်တင်အမေရိကနှင့် ကာရေဘီယံ (LAC) ဒေသ၌ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှု မြှင့်တင်ရန်၊ ကမ္ဘာ့တောင်ဘက်ခြမ်း၏ စုစည်းညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားသစ်များ ဖြည့်တင်းပေးရန် ကတိကဝတ်ပြုခဲ့ကြောင်း ရှီက ၎င်း၏သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခဲ့သည်။တရုတ်-CELAC ဖိုရမ် စတုတ္ထအကြိမ် ဝန်ကြီးအဆင့် အစည်းအဝေးအား တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ယမန်နှစ် မေလက အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း၊ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ၎င်းကိုယ်တိုင် တက်ရောက်ခဲ့ပြီး စည်းလုံးညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှု၊ ငြိမ်းချမ်းမှု၊ ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုဆိုင်ရာ အစီအစဉ်ကြီး ငါးရပ်ကို တရုတ်နိုင်ငံနှင့် LAC နိုင်ငံများ အတူတကွအကောင်အထည်ဖော်မည်ဟု ကြေညာခဲ့ရာ LAC နိုင်ငံများ၏ အပြုသဘောတုံ့ပြန်မှုများကို ရရှိခဲ့ကြောင်း ရှီက ဆိုသည်။

news-view-count-icon

4