back

ရခိုင့်ရေပိုင်နက်အတွင်း ကုန်တင်စက်လှေတစ်စီး ဓားပြတိုက်ခံရ

Mar 23 • 1:40 AM

breaking-news

Myanmar

Rakhine

cover

ရခိုင့်ရေပိုင်နက်အတွင်း ကုန်တင်စက်လှေတစ်စီး ဓားပြတိုက်ခံရ

ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်က ရခိုင့်ရေပိုင်နက်အတွင်း ကုန်တင်စက်လှေတစ်စီးဟာ ဓားပြတိုက်ခံလိုက်ရတယ်လို့ သိရပါတယ်။ ဓားပြတိုက်ခံရတဲ့ ကုန်တင်စက်လှေဟာ မ...

ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်က ရခိုင့်ရေပိုင်နက်အတွင်း ကုန်တင်စက်လှေတစ်စီးဟာ ဓားပြတိုက်ခံလိုက်ရတယ်လို့ သိရပါတယ်။ ဓားပြတိုက်ခံရတဲ့ ကုန်တင်စက်လှေဟာ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူရွာက ဦးသက်ခိုင်မင်းရဲ့စက်လှေဖြစ်ပါတယ်။လှေလုပ်သားကိုးယောက်လိုက်ပါလာတဲ့အဲဒီစက်လှေဟာ အာလူးအိတ် (၄၀၀)တင်ဆောင်ပြီး မတ်လ ၂ဝ ရက်၊ ညဉ့်အချိန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဆိပ်ကမ်းကနေ ရခိုင်ပြည်သို့ ထွက်ခွာလာခဲ့တယ်လို့ သိရပါတယ်။အဲလိုထွက်ခွာလာစဉ် မတ်လ ၂၁ ရက်၊ ညဉ့် ၁ နာရီလောက်မှာ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူအနောက်တောင်ဖက်က ပင်လယ်ကမ်းစပ်ကနေ မီတာ (၁၀၀၀) ကျော်လောက်အကွာမှာ တုတ်၊ ဓားလက်နက်တွေကိုင်ဆောင်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား(၂၅)ယောက်ပါတဲ့ ငါးဖမ်းဘုတ်တစီးဟာ ရခိုင့်ရေပိုင်နက်အတွင်းကျူးကျော်ဝင်ရောက်ပြီးတော့ ဓားပြတိုက်ခဲ့တာလို့ သိရပါတယ်။ဓားပြတွေဟာ ကုန်တင်စက်လှေက အာလူးအိတ်တွေနဲ့စက်လှေမှာပါတဲ့ လှေလုပ်သားတွေရဲ့ လက်ကိုင်ဖုန်းတွေကိုပါ လုယူသွားခဲ့တဲ့အပြင် လှေလုပ်သားခေါင်းဆောင်ရဲ့ဘယ်ဘက်ခြေသလုံးကိုပါ ဓားနဲ့လှီးသွားခဲ့တယ်လို့ သိရပါတယ်။

news-view-count-icon

12