back

ပြည်တွင်း စက်သုံးဆီအရောင်းဆိုင်တိုင်းတွင် နိုင်ငံ့ဝန်ထမ်းများအတွက် အရေးပေါ်ဆီများ ထားရှိရန် ညွှန်ကြားထားဟုဆို

Mar 23 • 1:37 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း စက်သုံးဆီအရောင်းဆိုင်တိုင်းတွင် နိုင်ငံ့ဝန်ထမ်းများအတွက် အရေးပေါ်ဆီများ ထားရှိရန် ညွှန်ကြားထားဟုဆို

မြန်မာနိုင်ငံတစ်ဝန်းတွင် စက်သုံးဆီပြဿနာ ကြုံတွေ့နေရချိန် စက်သုံးဆီအရောင်းဆိုင်တိုင်းတွင် ရဲ၊ တပ်မ‌တော်နှင့် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအတွက် အရေးပေါ...

မြန်မာနိုင်ငံတစ်ဝန်းတွင် စက်သုံးဆီပြဿနာ ကြုံတွေ့နေရချိန် စက်သုံးဆီအရောင်းဆိုင်တိုင်းတွင် ရဲ၊ တပ်မ‌တော်နှင့် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအတွက် အရေးပေါ်ဆီများ ထားရှိရန် ညွှန်ကြားလိုက်ကြောင်း စက်သုံးဆီဖြန့်ဖြူးရောင်းချရေးအသင်းထံမှ သိရှိရသည်။ပြည်သူများ၏ ကားများကို တစ်ပတ်လျှင် ၁ ကြိမ် (သို့မဟုတ်) ၂ ကြိမ်သာ အင်ဂျင်ပါဝါအလိုက် ဆီဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း ယမန်နေ့ညပိုင်းက ထုတ်ပြန်ခဲ့သည်။မတ်လ ၁၂ ရက်နေ့မှစ၍ အသုံးပြုခဲ့သည့် Bar Code နှင့် QR Code စနစ်ကို အခြေခံကာ လာမည့်ရက်သတ္တပတ်မှစ၍ ကန့်သတ်ချက်များ စတင်တော့မည်ဖြစ်ကြောင်း၊ အဆိုပါစနစ်သစ်တွင် ယာဉ်များ၏ အင်ဂျင်ပါဝါ (စက်စွမ်းအား) အပေါ် မူတည်၍ တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသည့် ပမာဏကို သတ်မှတ်သွားမည်ဖြစ်ပြီး၊ ပြည်သူများအနေဖြင့် တစ်ပတ်လျှင် တစ်ကြိမ် (သို့မဟုတ်) အများဆုံး နှစ်ကြိမ်သာ စက်သုံးဆီကို ခွဲဝေဝယ်ယူခွင့် ရရှိတော့မည်ဖြစ်ကြောင်း သိရှိရသည်။

news-view-count-icon

55