အပြည်ပြည်ဆိုင်ရာ ပျော်ရွှင်မှုနေ့ အထိမ်းအမှတ်အဖြစ် နှစ်စဥ်ထုတ်ပြန်လေ့ရှိသော “ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံများ အစီရင်ခံစာ၂၀၂၆” အရ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ပျော်ရွှင်မှု အနိမ့်ဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့အဆင့် ၁၂၉ ဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။ယင်းအစီရင်ခံစာမှာ နိုင်ငံသားများ၏ တဦးချင်းဝင်ငွေ၊ လူမှုဘဝအထောက်အပံ့ရရှိမှု၊ မျှော်မှန်းသက်တမ်း၊ လွတ်လပ်သည်ဟု ခံစားရမှု၊ ရက်ရောမှုနှင့် အကျင့်ပျက်ခြစားမှု အစရှိသည်များကို အဓိက ထည့်သွင်း တွက်ချက်ထားခြင်းဖြစ်သည်။အရှေ့တောင်အာရှတွင် စင်ကာပူနိုင်ငံက အဆင့် အမြင့်ဆုံးရရှိထားပြီး ယင်းနောက်တွင် ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ လာအိုတို့သည် အပေါ်အဆင့်၌ရှိနေကာ ကမ္ဘောဒီးယားနှင့် မြန်မာက အောက်ဆုံးတွင် ရှိနေသည်။တကမ္ဘာ့လုံးအဆင့်တွင် မြန်မာနိုင်ငံသည် ၁၂၉ နိုင်ငံမြောက်အဖြစ် ရပ်တည်ကာ ၎င်းအောက်တွင် ၁၈ နိုင်ငံသာ ကျန်ရှိပြီး အရှေ့တောင်အာရှတွင် ပျော်ရွှင်မှု အနိမ့်ကျဆုံးနိုင်ငံ ဖြစ်သည်။
Mar 23 • 1:33 AM
Myanmar
Local
Share
| 24 | 0 | 0 | 0 |


