ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် ယာဉ်မတော်တဆဖြစ်ပွားမှုဟာ ၂၀၂၆ခုနှစ် ဇန်နဝါရီ ၁ရက်ကနေ မတ်လ၁၉ရက်အထိ စုစုပေါင်း ၄၂မှုဖြစ်ပွားခဲ့ပြီး အရင်နှစ်ကာလတူနဲ့နှိုင်းယှဉ်ရင် ပိုများလာတာကို တွေ့ရတယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။မော်တော်ယာဉ်မတော်တဆဖြစ်ပွားမှုအခြေအနေကတော့ ဇန်နဝါရီလမှာ ၁၆မှု၊ ဖေဖော်ဝါရီလမှာ ၁၆မှုနဲ့ မတ်လ၁၉ရက်အထိ (၁၀)မှု၊ စုစုပေါင်း (၄၂)မှုဖြစ်ပွားခဲ့တာပါ။ယာဉ်မတော်တဆမှုတွေဟာ ယာဉ်မောင်းတွေရဲ့ မဆင်မခြင် အရှိန်မြှင့် မောင်းနှင်မှုတွေကြောင့် ဖြစ်ပွားတာများတယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူး မျိုးလင်းသန်းက ပြောပါတယ်။ မော်တော်ယာဉ်မတော်တဆ ဖြစ်ပွားမှုတွေကြောင့် အမျိုးသား(၁၉)ဦး၊ အမျိုးသမီး(၇)ဦး၊ စုစုပေါင်း(၂၆)ဦး သေဆုံးခဲ့ပြီး အမျိုးသား(၂၅)ဦးနဲ့ အမျိုးသမီး (၂၁)ဦး၊ စုစုပေါင်း(၄၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူရုံးကနေသိရပါတယ်။
| 19 | 0 | 0 | 0 |


