back

မြန်မာနိုင်ငံ၏ ယခုဘဏ္ဍာနှစ်၌ ပျားရည်တန်ချိန် ၁,၀၀၀နီးပါး တင်ပို့နိုင်ခဲ့

Mar 23 • 1:14 AM

breaking-news

Myanmar

Local

cover

မြန်မာနိုင်ငံ၏ ယခုဘဏ္ဍာနှစ်၌ ပျားရည်တန်ချိန် ၁,၀၀၀နီးပါး တင်ပို့နိုင်ခဲ့

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလကနေ ဖေဖော်ဝါရီလကုန်အထိ (၁၁)လတာကာလအတွင်း ပြည်ပကို ပျားရည် မက်ထရစ်တန်ချိန် ၉၈၆ ဒသမ ၂၃ ကျော်ခန့် တင်ပို့နိုင်ခဲ့တယ်လို့ မွေးမြူရေးနှင့်ကုသ...

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလကနေ ဖေဖော်ဝါရီလကုန်အထိ (၁၁)လတာကာလအတွင်း ပြည်ပကို ပျားရည် မက်ထရစ်တန်ချိန် ၉၈၆ ဒသမ ၂၃ ကျော်ခန့် တင်ပို့နိုင်ခဲ့တယ်လို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားမွေးမြူးရေးဖွံ့ဖြိုးရေးဌာနခွဲကနေ သိရပါတယ်။ပြည်တွင်းမှာ နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ရော်ဘာပျားရည်၊ လိုက်ချီးပျားရည်နဲ့ ပန်းပေါင်းစုံပျားရည်တွေကို ထုတ်လုပ်တာဖြစ်ပြီး ပြည်ပကို တင်ပို့တဲ့ ပျားရည်တွေကတော့ နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ရော်ဘာပျားရည် (၅)မျိုးကို တင်ပို့တာဖြစ်တယ်လို့ဆိုပါတယ်။ အခုဘဏ္ဍာနှစ်အတွင်း ပြည်ပကို ပျားရည်တင်ပို့မှုကနေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၇၉သန်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။မြန်မာနိုင်ငံမှာ တစ်နှစ်ကို ပျားရည်တန်ချိန် ၇ဝဝဝ လောက်ထွက်ရှိပြီး ပြည်ပတင်ပို့မှုအနေနဲ့ နှစ်စဉ် ပျမ်းမျှ တန်ချိန် ၂၆ဝဝ လောက် ရှိတယ်လို့သိရပါတယ်။ပျားရည်ကို ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်နဲ့ ဆော်ဒီအာရေးဗျနိုင်ငံတွေကို ပုံမှန်တင်ပို့နေပြီး ဂျပန်နိုင်ငံကို အများဆုံး တင်ပို့ရတယ်လို့ သိရပါတယ်။

news-view-count-icon

13