စက်သုံးဆီ ဝယ်ယူရာတွင် ပိုမိုအဆင်ပြေစေရန် ယာဉ်၏စက်စွမ်းအားပေါ်မူတည်ပြီး တပတ်အတွင်း ဝယ်ယူခွင့်ရှိသည့်ပမာဏကို သတ်မှတ်ပြီး တပတ်အတွင်းတစ်ကြိမ်တည်းဖြစ်စေ၊ အများဆုံးနှစ်ကြိမ် ခွဲ၍ဖြစ်စေ ဝယ်ယူနိုင်မည့်စနစ်ကို Bar code နှင့် QR စနစ်အတွင်း ထည့်သွင်းပြီး လာမည့်ရက်သတ္တပတ်အတွင်း စတင်ဆောင်ရွက်မည်ဟု သိရသည်။နိုင်ငံတော်အနေဖြင့် စက်သုံးဆီဖူလုံမှု ရက် ၅၀ စာ သိုလှောင်ထားရှိပြီး ပုံမှန်တင်သွင်းနေသည့်လမ်း ကြောင်းများအပြင် အခြားလမ်းကြောင်းများကိုလည်း ချိတ်ဆက်ဆောင်ရွက်ထားကြောင်း၊ ပြည်သူများ စိုးရိမ်ကြောင့်ကြပြီးဝယ်ယူခြင်း မပြုလုပ် ကြရန်နှင့် စက်သုံးဆီ ရောင်းချခြင်း မမှန်မကန် တွေ့ရှိပါက သက်ဆိုင်ရာသို့ ဖုန်းများဖြင့် တိကျစွာ တိုင်ကြားမှု ပြုလုပ်ခြင်းတို့ ဆောင်ရွက်ပေးကြရန် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။တိကျစွာတိုင်ကြားလာသည့် ဖြစ်စဉ်များကို သက် ဆိုင်ရာအရောင်းဆိုင်များသို့ သွားရောက်စစ်ဆေးကာ ရောင်းချခွင့်လိုင်စင် ပိတ်သိမ်းခဲ့သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။



