မြန်မာနိုင်ငံပြည်တွင်းမှ လူငယ်များကို ဗီယက်နမ်နိုင်ငံတွင် ပညာသင်ကြားစေပြီး ဂျပန်နိုင်ငံသို့ Tokutei (ကျွမ်းကျင်လုပ်သား) ဗီဇာဖြင့် ပို့ဆောင်ပေးမည်ဟုဆိုကာ BS Camp Japanese Language Academy က ကျောင်းသား ၁ ဦးလျှင် အမေရိကန်ဒေါ်လာ ၁,၅၀၀ စီ ကောက်ခံခဲ့သော်လည်း လက်တွေ့တွင် ပို့ဆောင်ပေးနိုင်ခြင်းမရှိဘဲ ကျောင်းသားပေါင်း ၁,၀၀၀ ကျော် အခက်အခဲကြုံတွေ့နေရကြောင်း သတင်းရရှိသည်။မြန်မာနိုင်ငံမှ ထက်အောင်နှင့် နန္ဒာအေးတို့ ပိုင်ဆိုင်သည့် BS Camp သည် ကျောင်းသား၊ ကျောင်းသူများကို ဗီယက်နမ်သို့ ခေါ်ယူခဲ့ပြီး ဂျပန်နိုင်ငံသို့ Tokutei ဗီဇာဖြင့် ပို့ဆောင်ပေးမည်ဟု ကတိပြုကာ ဒေါ်လာ ၁,၅၀၀ အပြင် အခြားသော ဝန်ဆောင်ခများကိုလည်း အဆမတန် တောင်းခံခဲ့သည်။ သို့သော် ယခုအခါ Tokutei ဖြင့် မပို့ဆောင်နိုင်တော့ကြောင်း ပြောဆိုကာ ကျောင်းသားများ ပြန်လည်တောင်းခံသည့် ငွေကြေးများကိုလည်း ပေးအပ်ခြင်းမရှိဘဲ ရိုင်းပြစွာ ဆက်ဆံနေကြောင်း သိရသည်။BS Camp တာဝန်ရှိသူများသည် ၎င်းတို့၏ ပျက်ကွက်မှုများအတွက် မိတ်ဖက်ဖြစ်သော PGT Company သို့ လွှဲချနေပြီး ကျောင်းသားများ၏ မေးမြန်းချက်များကိုလည်း လုံးဝပြန်လည်ဖြေကြားခြင်း မရှိတော့ကြောင်း သိရှိရသည်။ လက်ရှိတွင် COE (နေထိုင်ခွင့်လက်မှတ်) ကျထားသော်လည်း ဂျပန်သို့ မသွားရသေးသူ အများအပြားရှိနေပြီး၊ အချို့မှာ ငွေကြေးလိမ်လည်ခံရမှု၊ မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်မှုများကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခများစွာ ရင်ဆိုင်နေရသည်။ထို့ကြောင့် ကျောင်းသားအများအပြားမှာ BS Camp Japanese Language Academy မှ နုတ်ထွက်ကာ ကိုယ့်နည်းကိုယ်ဟန်ဖြင့် ရှင်သန်နေကြရပြီး အကူအညီများ အရေးပေါ်လိုအပ်နေသည်ဟု သိရသည်။
မြန်မာကျောင်းသားများကို ဗီယက်နမ်မှတဆင့် ဂျပန်သို့ ပို့ဆောင်ပေးမည်ဟုဆိုကာ BS Camp Japanese Language Academy က ငွေလိမ်လည်ဟု ကျောင်းသားများပြော
Mar 23 • 1:34 AM
Myanmar
Local
Share
| 23 | 0 | 0 | 0 |


