အိန္ဒိယကို မြန်မာမတ်ပဲ နဲ့ ပဲစဥ်းငုံ အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်သက်တမ်းကုန်ဆုံးတော့မယ့် အပေါ် အိန္ဒိယ အစိုးရက နောက်ထပ်သက်တမ်း ငါးနှစ်တိုးပေးလိုက်တယ်လို့ ကုန်သည်တွေဆီက စုံစမ်းသိရှိရပါတယ်။ ပဲတင်ပို့ခွင် သက်တမ်းထပ်မံတိုးပေးတဲ့အပြင် ပဲစဥ်းငုံကို တန်ချိန် နှစ်သိန်းအထိ တိုးမြှင့်တင်ပို့ခွင့်ပြုလိုက်ပြီး မတ်ပဲကတော့ အရင် MOU ရေးထိုးထားတဲ့ အတိုင်း တန်ချိန် ၂.၅ သိန်း တင်ပို့ခွင့်ပြုလိုက်တာ ဖြစ်တယ်လို့ သိရပါတယ် ။ မတ်ပဲ နဲ့ ပဲစဥ်းငုံက အခွန်ကင်းလွတ်ခွင့်နဲ့ အိန္ဒိယကို တင်ပို့ခွင့်သက်တမ်းမှာ ဒီလ မတ် ၃၁ ရက်မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် အိန္ဒိယ - မြန်မာ နှစ်နိုင်ငံ တာဝန်ရှိသူတွေက သက်တမ်းထပ်တိုးနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ် ။ ခုလို မတ်ပဲနဲ့ ပဲစဥ်းငုံကို အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်သက်တမ်း ထပ်တိုးပေးလိုက်တဲ့အခြေအနေ ၊ ပြည်တွင်းမှာ မတ်ပဲ အထွက်လျော့တဲ့ အခြေအနေ၊ အိန္ဒိယက ပဲလိုအပ်ချက်ရှိတဲ့ အခြေအနေကြောင့် စျေးကွက် ရှေ့အလားအလာအနေနဲ့ မတ်ပဲ ပိဿာ ၂၀ တတင်းကို ၁၅၀၀၀၀ ကျပ်လောက်အထိ ရှိလာနိုင် သုံးသပ်မှုရှိနေ ပါတယ်။



