ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုး-တာချီလိတ် လမ်းကြောင်းတွင် လက်မှတ်ဈေးနှုန်း အရင်ကထက် တစ်သိန်းကျပ်ခန့်အထိ မြှင့်တက်လာကြောင်း ခရီးသွားထံမှ သိရသည်။မြန်မာနိုင်ငံတွင် လေယာဉ်ဆီရရှိမှု အခက်အခဲကြောင့် ပြည်တွင်းလေကြောင်းလိုင်းမှ ခရီးစဉ်အချို့ ဖျက်သိမ်းလိုက်ပြီးနောက် ကျန်ရှိသည့်ခရီးစဉ်များတွင် လက်မှတ်ဈေးနှုန်းများ မြှင့်တက်နေသည်။လက်ရှိတွင် MAI လေကြောင်းလိုင်းက မတ်လ ၂၁ ရက်မှ ၂၃ ရက်အတွင်း ပြည်တွင်းခရီးစဉ် ၂၇ ခုထက်မနည်း ဖျက်သိမ်းထားပြီး ရန်ကုန်မှ ဟဲဟိုး၊ တာချီလိတ်၊ ထားဝယ်၊ စစ်တွေနှင့် ကလေးမြို့ ခရီးစဉ်များ ပါဝင်နေသည်။



