တရုတ်အပါအဝင် ပြည်ပနိုင်ငံများသို့ အခုဘဏ္ဍာနှစ်အတွင်း ရော်ဘာတန်ချိန် ၂၈၀၀၀၀ ခန့် တင်ပို့ထား ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းရဲ့ စာရင်းတွေအရ သိရပါတယ်။၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်းမှာ ရော်ဘာတန်ချိန် ၂၈၀,၀၀၀ တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့် ရရှိခဲ့ကြောင်း သိရပါတယ်။မြန်မာထုတ်ကုန်ရော်ဘာကို ပြည်ပတင်ပို့ရာတွင် ၇၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့နေရခြင်းဖြစ်ပြီး တခြား သောနိုင်ငံများဖြစ်သည့် မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဗီယက်နမ်နှင့် တောင်ကိုရီးယားနိုင်ငံများသို့ လည်း တင်ပို့ခဲ့ရကြောင်း သိရပါတယ်။မြန်မာနိုင်ငံတစ်ဝန်းတွင် ရော်ဘာဧကပေါင်း ၁.၆ သန်းကျော် စိုက်ပျိုးလျက်ရှိရာ မွန်ပြည်နယ်၊ တနင်္သာရီ တိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ်တို့က အများဆုံးစိုက်ပျိုးထွက်ရှိကြောင်း သိရပါတယ်။



