ရန်ကုန်မြို့တွင် စက်သုံးဆီဝယ်ယူနိုင်ရန် မော်တော်ယာဉ်များ အချိန်ကြာမြင့်စွာ တန်းစီ စောင့်ဆိုင်းနေရကြောင်း မော်တော်ယာဉ်ပိုင်ရှင်အချို့က ပြောကြားသည်။စက်သုံးဆီစျေးနှုန်းများ မြင့်တက်လာပြီးနောက်တွင် ယင်းသို့ဖြစ်ပွားနေခြင်းဟု သိရသည်။ဆီဝယ်ယူရာတွင် တန်းစီနေသည့်အချိန်တွင်
မိမိအလှည့်မရောက်မီ ဆီဆိုင်မှ ရောင်းစရာမရှိသည့် အချိန်များကိုလည်း ကြုံတွေ့ရသည်ဟု သိရသည်။စက်သုံးဆီများမှာ စျေးနှုန်းမြင့်တက်လာပြီးနောက် ရရှိသည့် ဆီအရေအတွက်မှာ ယခင်ကထက် လျော့နည်းလာသဖြင့် မော်တော်ယာဉ်အသုံးပြုသူများမှာ ဆီမလုံလောက်မှုများဖြစ်ပေါ်ပြီး ယခုကဲ့သို့ ဆီတန်းစီရခြင်းများဖြစ်နိုင်သည်ဟု မော် တော်ယာဉ်ပိုင်ရှင်တစ်ဦးက သုံးသပ်သည်။



