back

မိတ္ထီလာကန်က နတ်ရုပ်တုတွေပျောက်ဆုံးပြီး တစ်လအကြာ တခြားနတ်နန်းရုပ်တုတွေပါ ဖျက်ဆီးခံရ

Mar 22 • 12:45 PM

breaking-news

Myanmar

Mandalay

cover

မိတ္ထီလာကန်က နတ်ရုပ်တုတွေပျောက်ဆုံးပြီး တစ်လအကြာ တခြားနတ်နန်းရုပ်တုတွေပါ ဖျက်ဆီးခံရ

ဖေဖော်ဝါရီအတွင်းက မိတ္ထီလာကန်ဘောင်က နတ်ရုပ်တုတွေ ပျောက်ဆုံးပြီးနောက် တစ်လကျော်အကြာ မတ်လ ၂၁ ရက် ည ၁၂ နာရီခန့်က မိတ္ထီလာမြို့၊ မိတ္ထီလာ-မြင်းခြံသွား လမ်းမကြီးအနီး...

ဖေဖော်ဝါရီအတွင်းက မိတ္ထီလာကန်ဘောင်က နတ်ရုပ်တုတွေ ပျောက်ဆုံးပြီးနောက် တစ်လကျော်အကြာ မတ်လ ၂၁ ရက် ည ၁၂ နာရီခန့်က မိတ္ထီလာမြို့၊ မိတ္ထီလာ-မြင်းခြံသွား လမ်းမကြီးအနီးရှိ ဝန်ဇင်းရပ်ကွက်ထဲမှာရှိတဲ့ မထောင်းသာ-မလဲသာ" မောင်နှမနတ်နန်းအတွင်းမှ ရုပ်တုတွေ ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံအချို့က ပြောပါတယ်။နတ်နန်းအတွင်းမှ အသံတွေကြားရလို့ အနီးနားက ဒေသခံတွေ နိုးလာပြီး လာရောက်ကြည့်ရှုခဲ့ရာမှာ အမျိုးသားတစ်ဦးဟာ နတ်ရုပ်ထုတွေကို ဖျက်ဆီးပြီးနောက် ထွက်ပြေးသွားတာကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်ကလည်း မိတ္ထီလာကန်ကူးတို့ တံတားပေါ်ရှိ မောင်နှမခုနစ်ဖော်နတ်နန်းက နတ်ရုပ်တု ၇ ရုပ်အနက် နတ်ရုပ်သုံးရုပ် ပျောက်ဆုံးခဲ့ရာ ယနေ့အထိ ပြန့လည်တွေ့ရှိခြင်းမရှိသေးကြောင်း ဒေသခံတွေက ပြောပါတယ်။





news-view-count-icon

9