နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအသီးသီးတွင် ယခုနောက်ပိုင်း မီးဘေးကာကွယ်ရေး ဆိုင်ရာ သတ်မှတ်ချက်များအရ ကြပ်မတ်လုပ်ဆောင်မှုများကြောင့် မီးဘေးကာကွယ်ရေးပစ္စည်းများတွင် အဓိကသုံးစွဲရသော ဝါးများမှာလည်း စျေးမြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။မီးသတ်ဌာနက အိမ်တိုင်းမှာ မီးချိတ်မီးကပ်၊ လှေခါးထားရမယ်တဲ့၊ လိုက်လံစစ်ဆေးလို့မရှိတဲ့အိမ်တွေကို အရေးယူမယ်လို့ မြို့ပေါ်ရပ်ကွက်တွေထဲ အသံချဲ့စက်နဲ့လိုက်အော်လို့ မီးချိတ်၊ မီးကပ်၊ ဝါးလှေခါး အသင့်လုပ်ရောင်းနေတဲ့ ဝါးဆိုင်တွေမှာ လိုက်ဝယ်ကြတာ၊ တချို့ဆိုင်တွေဆို ပစ္စည်းတောင်ပြတ်တယ်၊ ဝယ်လို့မရဘူး၊ ကိုယ့်ဟာကိုယ်လုပ်မယ်ဆိုတော့လည်း လိုချင်တဲ့ဆိုဒ်က မရပြန်ဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။ထိုသို့သော မီးချိတ်၊ မီးကပ်၊ လှေခါးများအသင့်လုပ်ရောင်းသောဆိုင်များတွင် တစ်စုံလျှင် ကျပ် ၃၀,၀၀၀ ကျော်အထိ စျေးနှုန်းများမြင့်တက်ရောင်းချမှုရှိပြီး ပစ္စည်းပြတ်၍ဝယ်ချင်တိုင်းဝယ်မရဘဲ အော်ဒါမှာကာ နှစ်ရက်၊ သုံးရက် စောင့်ဆိုင်းရသူများလည်းရှိကြောင်း သိရသည်။အခုမီးချိတ်၊မီးကပ်လှေးခါးတွေထားဖို့ ညွှန်ကြားတော့ အိမ်တိုင်းနီးပါးမှာကမရှိကြတာများတော့ အားချင်းဝယ်ကြတဲ့အခါ ဝါးကပြတ်ရော"ဟု ဝါးရောင်းချသည့်ဆိုင်ပိုင်ရှင်တစ်ဦးမှ ပြောသည်။လက်ရှိတွင် နေပြည်တော်ဒေသအတွင်း မီးချိတ်မီးကပ်လုပ်သည့် ဝါးတစ်လုံးလျှင် ၂,၅၀၀ ကျပ်မှ ၃,၀၀၀ ကျပ်ကြား အထိပေးဝယ်ရပြီး ဝါးလှေခါးများမှာ အသင့်လုပ်ရောင်းသူများထံမှ လှေခါးချည်းယူလျှင် ၂၅,၀၀၀ ကျပ်၊ မီးချိတ်မီးကပ်လှေခါးအစုံလိုက်ယူပါက ၃၀,၀၀၀ ကျပ် စသည်ဖြင့် ရောင်းချနေကြောင်း သိရသည်။



