back

လေယာဉ်ဆီအခက်အခဲကြောင့် MAI နိုင်ငံတကာခရီးစဉ်များတွင် ခရီးဆောင်အိတ်အလေးချိန် ကန့်သတ်ချက်များ လျှော့ချ

Mar 22 • 5:32 AM

breaking-news

Myanmar

Local

cover

လေယာဉ်ဆီအခက်အခဲကြောင့် MAI နိုင်ငံတကာခရီးစဉ်များတွင် ခရီးဆောင်အိတ်အလေးချိန် ကန့်သတ်ချက်များ လျှော့ချ

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) သည် လေယာဉ်ဆီရရှိမှု ခက်ခဲနေခြင်းကြောင့် နိုင်ငံတကာခရီးစဉ်များတွင် ခရီးဆောင်အိတ်အလေးချိန် ကန့်သတ်ချက်များကို မဖြစ်မနေ လျှ...

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) သည် လေယာဉ်ဆီရရှိမှု ခက်ခဲနေခြင်းကြောင့် နိုင်ငံတကာခရီးစဉ်များတွင် ခရီးဆောင်အိတ်အလေးချိန် ကန့်သတ်ချက်များကို မဖြစ်မနေ လျှော့ချသတ်မှတ်လိုက်ရကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါသတ်မှတ်ချက်အသစ်အရ Economy Class အတွက် ၂၀ ကီလိုဂရမ် (တစ်အိတ်)၊ Business Class အတွက် ၃၀ ကီလိုဂရမ် (တစ်အိတ်)၊ Hand-carry အတွက် ၇ ကီလိုဂရမ် (အများဆုံး ၂ အိတ်) နှင့် Excess Baggage ကို ၅ ကီလိုဂရမ်အထိသာ ခွင့်ပြုမည်ဖြစ်သည်။ ပျံသန်းမှုလိုအပ်ချက်အရ လေဆိပ်တွင် ကျန်ရစ်ခဲ့သော ခရီးဆောင်အိတ်များကို ၇၂ နာရီအတွင်း ပိုင်ရှင်များထံ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပြီး၊ ကြိုတင်ဝယ်ယူထားသည့် အပိုအလေးချိန် (Prepaid excess baggage) များအတွက် ငွေပြန်အမ်း (Refund) ပေးသွားမည်ဖြစ်သည်။ ယခုကဲ့သို့ ဆောင်ရွက်ရခြင်းမှာ ခရီးစဉ်များ ဖျက်သိမ်းရခြင်းမျိုး မဖြစ်ပေါ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

27