အသံတိတ် နှလုံးဖောက်ခြင်းဆိုတာက ရောဂါလက္ခဏာတွေ မတွေ့ရဘဲ နှလုံးကြွက်သားကို ထိခိုက်စေပါတယ်။ အခုဆိုရင် အီလက်ထရွန်နစ်ပြားငယ်လေးတစ်ခုဖြင့် ECG ကနေ ယခင်နှလုံးဖောက်ခြင်းများကို တွေ့ရှိနိုင်ပြီး မိုဘိုင်းဖုန်းပေါ်က AI ကို ချိတ်ဆက်နိုင်ပြီ ဖြစ်ပါတယ်။ အဆိုပါ စစ်ဆေးနည်းဖြင့် လူနာတွေ နှလုံးဖောက်ခြင်း မဖြစ်အောင် လုံလောက်တဲ့ဆေးတွေ ပေးနိုင်မှာ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယား ပြည်သူ့ကျန်းမာရေးကျောင်းမှ အရေးပေါ်အထူးကု ဒေါက်တာ ဇီယက်အိုဘာမိုင်ယာနဲ့ အဖွဲ့က တမီလ်နာဒူမှာ စမ်းသပ်ချက်တစ်ခု ပြုလုပ်နေပြီး AI စနစ်ဖြင့် ဆရာဝန်တွေ ဆုံးဖြတ်ချက် ပိုမိုကောင်းမွန်စွာ ချမှတ်နိုင်အောင် ကူညီပေးဖို့ဖြစ်ပါတယ်။ အရေးပေါ် မဟုတ်တဲ့ လူနာတွေထံမှ အချက်အလက်များ ရယူကာ နာတာရှည်ရောဂါများ စစ်ဆေးခဲ့ကြပါတယ်။



