back

ပဲခူးအချုပ်ထောင် နှင့် ပဲခူးမြို့ မရဲစခန်းအချုပ်ခန်းကို MNHRC သွားရောက်စစ်ဆေး

Mar 22 • 5:22 AM

breaking-news

Myanmar

Bago

cover

ပဲခူးအချုပ်ထောင် နှင့် ပဲခူးမြို့ မရဲစခန်းအချုပ်ခန်းကို MNHRC သွားရောက်စစ်ဆေး

ပဲခူးအချုပ်ထောင်နှင့် ပဲခူးမြို့မရဲစခန်းအချုပ်ခန်းကို မြန်မာနိုင်ငံ အမျိုးသားလူအခွင့်ရေးကော်မရှင် ( MNHRC) အဖွဲ့ဝင် ဦးတင်အောင်ဦးဆောင်သည့်အဖွဲ့က  ကော်မရှင် ဥပ‌ဒေ...

ပဲခူးအချုပ်ထောင်နှင့် ပဲခူးမြို့မရဲစခန်းအချုပ်ခန်းကို မြန်မာနိုင်ငံ အမျိုးသားလူအခွင့်ရေးကော်မရှင် ( MNHRC) အဖွဲ့ဝင် ဦးတင်အောင်ဦးဆောင်သည့်အဖွဲ့က  ကော်မရှင် ဥပ‌ဒေပုဒ်မ ၄၃၊၄၄ ပြဌာန်းချက်များနှင့် အညီ ယမန်နေ့ က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ပဲခူးအချုပ်ထောင်၌ အကျဉ်းသားများအား အိပ်ဆောင်များ၌ တွေ့ဆုံကာ အကျဉ်းသား/ အချုပ်သားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးများဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ သန့်ရှင်းသော သောက်ရေပေးဝေမှုနှင့် ချိုးရေ၊ သုံးရေလုံလောက်စွာရရှိစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေများကို အကျဉ်းသားအချုပ်သားများနှင့် တွေ့ဆုံပြီး မေးမြန်းခဲ့ကြောင်း လည်း သိရသည်။

news-view-count-icon

7