ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးပြီး အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အခမ်းအနားကို မတ်လ ၂၁ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ တိုင်းဧရာ ဧည့်ရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။၂၀၂၀ ပြည့်နှစ်တွင် ထုတ်ပြန်ခဲ့သည့်အချက်အလက်တွေအရ ဧရာဝတီတိုင်းဒေသကြီး၏စုစုပေါင်းဧရိယာ၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း ဝန်းကျင်ခန့်သာ သစ်တောများ ဖုံးလွှမ်းလျက်ရှိကြောင်း သိရသည်။ဧရာဝတီတိုင်းဒေသကြီး၏ စုစုပေါင်း မြေဧရိယာသည် ဧကပေါင်း ၈ ဒသမ ၉ သန်းကျော် (စတုရန်းမိုင် ၁၃,၅၀၀ ခန့်) ရှိသည့်အနက် ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောဧက ၁ဒသမ ၅ သန်း (စတုရန်းမိုင် ၂,၄၀၀ ကျော်) ခန့် သတ်မှတ်ထားကြောင်းသိရသည်။အဆိုပါသစ်တောဧရိယာများထဲတွင် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရန်အတွက် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော: ဘိုကလေးမြို့နယ်တွင်ရှိပြီး ဒီရေတော ဂေဟစနစ်ကို ထိန်းသိမ်းထားသည့်အဓိကနေရာ ဖြစ်ကြောင်း သိရသည်။
| 7 | 0 | 0 | 0 |


