တက္ကသိုလ်တိုင်းတွင် အားကစားနည်းပြများရှိမှသာလျှင် တက္ကသိုလ်များ၏အားကစားအဆင့်အတန်းလည်း တိုးတက်လာမည်ဖြစ်သည်။ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ပိုက်ကျော်ခြင်း ဒိုင်လူကြီးသင်တန်းကို ယမန်နေ့က နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။မြန်မာတက္ကသိုလ်အားကစားအဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် (၂၁) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် အခြားဆုတံဆိပ်များအပြင် ပိုက်ကျော်ခြင်း (နှစ်ယောက်တွဲ) ကစားနည်းတွင် ရွှေတံဆိပ်တစ်ခုနှင့် ပိုက်ကျော်ခြင်း (လေးယောက်တွဲ) ကစားနည်းတွင် ငွေတံဆိပ်တစ်ခုတို့ကို ဆွတ်ခူးကာ နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောသည်။
Mar 22 • 5:23 AM
Myanmar
Local
Share
| 14 | 0 | 0 | 0 |


