back

မတ် ၂၁ မှ ၂၇ ရက်အထိ ရှမ်းပြည်နယ်တွင် နေရာကွက်ကျားမိုးရွာနိုင်ပြီး အပူရှိန်နှင့် လေထုညစ်ညမ်းမှု သတိပြုရန်လိုအပ်

Mar 22 • 3:23 AM

breaking-news

Myanmar

Local

cover

မတ် ၂၁ မှ ၂၇ ရက်အထိ ရှမ်းပြည်နယ်တွင် နေရာကွက်ကျားမိုးရွာနိုင်ပြီး အပူရှိန်နှင့် လေထုညစ်ညမ်းမှု သတိပြုရန်လိုအပ်

ယခုတစ်ပတ်အတွင်း ရှမ်းပြည်နယ်တစ်ဝှမ်း၌ တိမ်အသင့်အတင့်ဖြစ်ထွန်းကာ ရှမ်းတောင်နှင့် ရှမ်းအရှေ့ရှိ မြို့နယ်အချို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး၊ အပူချိန...

ယခုတစ်ပတ်အတွင်း ရှမ်းပြည်နယ်တစ်ဝှမ်း၌ တိမ်အသင့်အတင့်ဖြစ်ထွန်းကာ ရှမ်းတောင်နှင့် ရှမ်းအရှေ့ရှိ မြို့နယ်အချို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး၊ အပူချိန်အနေဖြင့် ရှမ်းအရှေ့တွင် ၃၆°C အထိ အမြင့်ဆုံးရှိနိုင်ကာ ရှမ်းတောင်တွင် ညပိုင်း၌ ၁၃°C အထိ ဆက်လက်အေးနေဦးမည်ဖြစ်ကြောင်း၊ လေထုအတွင်း အမှုန်အမွှား (PM2.5) ပါဝင်မှုမှာ WHO စံနှုန်းထက် ကျော်လွန်နေသဖြင့် ကျန်းမာရေးသတိပြုရန်လိုအပ်သည့်အပြင်၊ ကမ္ဘာ့တောင်ဘက်ခြမ်းမှ ဆိုင်ကလုန်းမုန်တိုင်း NARELLE ၏ အရှိန်ကြောင့် မတ်လကုန်ပိုင်းတွင် မြန်မာနိုင်ငံအထက်ပိုင်းဒေသများ၌ မိုးတိမ်တောင်များဖြစ်ထွန်းကာ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထုတ်ပြန်ထားပါသည်။

news-view-count-icon

11