back

ဒလတံတားဖွင့်ပြီးနောက် သမ္ဗန်သမားများ ဝင်ငွေ မရှိသဖြင့် ရရာဈေးဖြင့် သမ္ဗာန်များ ရောင်းချနေကြရ

Mar 22 • 3:12 AM

breaking-news

Myanmar

Yangon

cover

ဒလတံတားဖွင့်ပြီးနောက် သမ္ဗန်သမားများ ဝင်ငွေ မရှိသဖြင့် ရရာဈေးဖြင့် သမ္ဗာန်များ ရောင်းချနေကြရ

ရန်ကုန်-ဒလမြစ်ကူး တံတားဖွင့်ပြီးချိန်မှာ သမ္ဗန်စီးတဲ့ ခရီးသည် အလွန်အမင်း ကျဆင်းလာတဲ့ အတွက် သမ္ဗာန်သမားတွေဟာ ဝင်ငွေကျဆင်းနည်းပါးလာလို့ ဝယ်သူရှိရင် သမ္ဗန်တွေကို ရ...

ရန်ကုန်-ဒလမြစ်ကူး တံတားဖွင့်ပြီးချိန်မှာ သမ္ဗန်စီးတဲ့ ခရီးသည် အလွန်အမင်း ကျဆင်းလာတဲ့ အတွက် သမ္ဗာန်သမားတွေဟာ ဝင်ငွေကျဆင်းနည်းပါးလာလို့ ဝယ်သူရှိရင် သမ္ဗန်တွေကို ရရာဈေးနဲ့ ရောင်းချ လာနေကြပါတယ်။ရန်ကုန်မြစ်အတွင်းက သမ္ဗန်ခတ်တဲ့လုပ်ငန်းဟာ လက်နဲ့လှော်ခတ်ခဲ့ရာက စက်တပ်သမ္ဗန်တွေနဲ့ မောင်းနှင်လာတဲ့အထိ နှစ်ပေါင်းများစွာရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ဖေ‌ဖော်ဝါရီ ၆ ရက်က မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားဖွင့်လှစ်ပြီးနောက်မှာတော့ ဒီလုပ်ငန်းလုပ်ကိုင်သူတွေဟာ သမ္ဗန်တွေကို ရရာဈေးနဲ့ ရောင်းလာကြတဲ့အထိ လုပ်ငန်းကျဆင်းလာခဲ့ပါတယ်။ ကိုယ်ပိုင်သမ္ဗန်မောင်းနှင်နေသူတယောက်က “မောင်းသားတွေအနေနဲ့ အဆင်မပြေတော့ဘူး။ မပြေတော့ သမ္ဗန်ကို ဒီတိုင်းထားရင် အချိန်တန်ရင်ပိုးစားပြီးတော့ ပျက်သွားမှာ၊ ဒါကြောင့်မို့ ရောင်းချင်တယ်။ ရောင်းဖို့က ဝယ်မယ့်သူ မရှိဘူး။ အကုန်လုံးက ပျက်နေတာ။ သမ္ဗန်တစီးကို အကုန်လုံး လုပ်မယ်ဆိုရင် ကျပ် သိန်း ၁၀၀ လောက်တန်တယ်။ အခု သိန်း ၅၀ နဲ့ ရောင်းလို့ ဘယ်သူမှ မဝယ်ဘူး။ ၄၀ နဲ့လည်း ဘယ်သူမှ မဝယ်ဘူး။ဘာလို့လဲဆိုတော့ လုပ်စားလို့မှ မရတော့တာ။ သမ္ဗန်တွေက အပိုဖြစ်သွားတော့ ရောင်းချင်တယ်။ အဲဒီသဘောပါ” လို့ ပြောပါတယ်။လတ်တလော ကူးတို့ လုပ်ငန်းလုပ်ကိုင်သူတွေထဲ အသက် ၆၀ ကျော်၊ ၇၀ တန်းတွေလည်း ရှိပြီး နှစ်ပေါင်း ၃၀ ကျော်ကြာ လုပ်ကိုင်လာသူတွေရှိသလို မကြာသေးခင်ကမှ သမ္ဗန်အပိုင်ဖြစ်လာတဲ့ လူလတ်ပိုင်းတွေလည်း ပါဝင်ပါတယ်။ လတ်တလော သမ္ဗန်ငယ်စီးသူ နည်းပါးလာလို့ လုပ်ငန်းလျော့ကျလာသလို စက်သုံးဆီ အကျပ်တည်း ကြောင့်လည်း စက်တပ်သမ္ဗာန်တွေမှာက ငွေပေးနိုင်ပေမဲ့ စက်သုံးဆီရဖို့ ပိုခက်ခဲ လာတာကလည်း ကူးတို့သမ္ဗာန်ငယ်လုပ်ငန်းဟာ ပိုပြီး အချိန်စောစော ပျောက်ကွယ်လာဖို့ အခြေအနေဖြစ်လာ ပါတယ်။

news-view-count-icon

7