back

ကမ္ဘာ့ကျွမ်းဘားအဖွဲ့ချုပ်က ဒိုဟာကမ္ဘာ့ဖလားပြိုင်ပွဲကို ဖျက်သိမ်း

Mar 22 • 2:32 AM

breaking-news

Myanmar

International

cover

ကမ္ဘာ့ကျွမ်းဘားအဖွဲ့ချုပ်က ဒိုဟာကမ္ဘာ့ဖလားပြိုင်ပွဲကို ဖျက်သိမ်း

အရှေ့အလယ်ပိုင်းဒေသ၏ လက်ရှိနိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေများကြောင့် လာမည့် ဧပြီလ ၁၅ ရက်မှ ၁၈ ရက်အထိ ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ ကျင်းပရန် စီစဉ်ထားသည့် ၂၀၂၆ ခုနှ...

အရှေ့အလယ်ပိုင်းဒေသ၏ လက်ရှိနိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေများကြောင့် လာမည့် ဧပြီလ ၁၅ ရက်မှ ၁၈ ရက်အထိ ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ ကျင်းပရန် စီစဉ်ထားသည့် ၂၀၂၆ ခုနှစ် အလှပြကျွမ်းဘား ကမ္ဘာ့ဖလားပြိုင်ပွဲကို ဖျက်သိမ်းလိုက်ကြောင်း ကမ္ဘာ့ကျွမ်းဘားအဖွဲ့ချုပ်က မတ်လ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အီရန်၊ အစ္စရေးနှင့် အမေရိကန်တို့အကြား တင်းမာမှုများကြောင့် အသင်းအများအပြား နှုတ်ထွက်သွားခဲ့ပြီးနောက် ယခုကဲ့သို့ ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ ရက်ရွှေ့ဆိုင်းကျင်းပမည်မဟုတ်ကြောင်း သိရသည်။ ထို့ပြင် အဖွဲ့ချုပ်သည် ပြိုင်ပွဲအရေအတွက် လျော့နည်းသွားမှုအပေါ် မူတည်၍ ကစားသမားများ၏ အဆင့်သတ်မှတ်ချက်တွက်ချက်ပုံကို ပြိုင်ပွဲ ၅ ခုအနက် အကောင်းဆုံးရမှတ် ၃ ခုကိုသာ ယူရန် ပြင်ဆင်သတ်မှတ်ခဲ့ပြီး၊ ကိုင်ရိုနှင့် အိုဆီယက်ပြိုင်ပွဲများသို့ နောက်ကျမှ လျှောက်ထားသူများကိုလည်း ဒဏ်ကြေးကင်းလွတ်ခွင့်ပြုထားကြောင်း သိရှိရပါသည်။

news-view-count-icon

7