21.3.2026 ရက်နေ့ နံနက် ၅:၃၀ အချိန်ခန့်က ပဲခူးမြို့၊ ထာဝယ်အင်းကျေးရွာအနီး ပဲခူးအနောက် မြို့ရှောင်ကားလမ်း ၊မိုင်တိုင်အမှတ်(၃၅/၃)နှင့် (၃၅/၄) ကြားတွင် ရန်ကုန်မှ ကလိကျေးရွာသို့ ယာဉ်မောင်း ဖြိုးဇော်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းနေသူ မောင်းနှင်ပြီး ယာဉ်ပေါ်တွင် မစုလှိုင်၊ မသီတာ၊ မျိုးအောင် တို့လိုက်ပါလာသော KYN-4 CC/5283 TOYOTA PROBOX အမျိုးအစား အနက်ရောင်ယာဉ်သည် အရှိန်ဖြင့် မောင်းနှင်နေစဉ် ရုတ်တရက် အိပ်ငိုက်မှုဖြစ်ကာ အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောသို့ ဝင်ရောက်ပြီး အနက်(၈)ပေခန့်ရှိ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့သည်။ယာဉ်တိမ်းေမှာက််မှုကြောင့် ယာဥ်မောင်းဖြိုးဇော်မှာ ေ-သဆုံးလျက်တွေ့ရှိရသဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ယာဉ်ပေါ်လိုက်ပါသူ မစုလှိုင်၊ မသီတာနှင့် မျိုးအောင်တို့ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း သိရသည်။



