back

မြောက်ဒဂုံရှိ Terminal စက်သုံးဆီဆိုင် ပေါက်ကွဲမီးလောင်မှုဖြစ်ပွား၊ ဆီတန်းစီနေသည့် ကားအချို့နှင့် အနီးရှိစတိုးဆိုင်ပါ မီးထဲပါသွား

Mar 22 • 1:53 AM

breaking-news

Myanmar

Yangon

cover

မြောက်ဒဂုံရှိ Terminal စက်သုံးဆီဆိုင် ပေါက်ကွဲမီးလောင်မှုဖြစ်ပွား၊ ဆီတန်းစီနေသည့် ကားအချို့နှင့် အနီးရှိစတိုးဆိုင်ပါ မီးထဲပါသွား

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၇/၈ လမ်းဆုံအနီးရှိ Terminal စက်သုံးဆီဆိုင်တွင် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက် ည ၉ နာရီခွဲဝန်းကျင်က ပြင်းထန်သော...

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၇/၈ လမ်းဆုံအနီးရှိ Terminal စက်သုံးဆီဆိုင်တွင် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက် ည ၉ နာရီခွဲဝန်းကျင်က ပြင်းထန်သော ပေါက်ကွဲမီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ မီးသည် ဆီဆိုင်အနီး ရပ်တန့်ထားသော ကားတစ်စီးမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ ပေါက်ကွဲမှုကြောင့် လမ်းဆုံရှိ မီးပွိုင့်နှင့် ဆီဆိုင်ဘေးရှိ G&G စတိုးဆိုင် ပါ မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း သိရသည်။မီးလောင်မှုအတွင်း ဆီတန်းစီနေသည့် အိမ်စီးကား ၂ စီးနှင့် တက္ကစီ ၁ စီးတို့ မီးထဲပါသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူအချို့ရှိကာ လူနာတင်ယာဉ်များဖြင့် ကူညီပေးခဲ့ရသည်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ Level 1 ယာဉ်အုပ်စုများဖြင့် နာရီဝက်ခန့် ငြိမ်းသတ်ခဲ့ရပြီး ည ၉ နာရီ ၂၉ မိနစ်ခန့်တွင် ပေါက်ကွဲသံများ စတင်ကြားခဲ့ရကြောင်း ဒေသခံများက ဆိုသည်။ လက်ရှိတွင် ဆီဆိုင်တစ်ခုလုံး မီးလောင်ဆုံးရှုံးသွားသော်လည်း ဆီသိုလှောင်ကန်နှင့် ဆီသယ်ယာဉ်များထံသို့ မီးကူးစက်ခြင်းမရှိမီ ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

43