back

တောင်ကိုရီးယား ကားအစိတ်အပိုင်းထုတ်လုပ်ရေး စက်ရုံ မီးလောင်မှုမှာ လူ ၁၄ ဦး သေဆုံး

Mar 22 • 1:47 AM

breaking-news

South Korea

Local News

cover

တောင်ကိုရီးယား ကားအစိတ်အပိုင်းထုတ်လုပ်ရေး စက်ရုံ မီးလောင်မှုမှာ လူ ၁၄ ဦး သေဆုံး

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂျွန်းမြို့က ကားအစိတ်အပိုင်း ထုတ်လုပ်ရေး စက်ရုံ မီးလောင်မှုကြောင့် လူ ၁၄ ဦး သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ...

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂျွန်းမြို့က ကားအစိတ်အပိုင်း ထုတ်လုပ်ရေး စက်ရုံ မီးလောင်မှုကြောင့် လူ ၁၄ ဦး သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် မီးလောင်ကျွမ်းထားတဲ့ အပျက်အစီးတွေကြားထဲ အသက်ရှင်ကျန်နိုင်သူတွေကို ကယ်ဆယ်ရေးသမားတွေက ပိုက်စိပ်တိုက် ရှာဖွေနေကြောင်း တောင်ကိုရီးယား အရာရှိတွေက မတ် ၂၁ ရက်က ပြောပါတယ်။လူ ၁၁ ဦး သေဆုံးပြီး ၂၅ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိကြောင်း မိမိတို့ ကြားသိထားတယ်လို့ မီးလောင်ကျွမ်းမှုတွေနဲ့ သဘာဝဘေးတွေကို စီမံခန့်ခွဲနေတဲ့ ပြည်ထဲရေး ဝန်ကြီးဌာန အရာရှိ တစ်ဦးက ဆိုပါတယ်။နောက်ထပ် ဒဏ်ရာရသူ ၃၄ ဦး ရှိပေမယ့် ဒဏ်ရာ မပြင်းထန်ဘဲ ပျောက်ဆုံးနေသူ ၃ ဦးရှိကြောင်း အဲဒီ အရာရှိက ပြောပါတယ်။မတ် ၂၀ ရက် နေ့လယ်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီးနောက် မီးငြိမ်းသတ်ရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေအတွက် မီးသတ်သမား၊ ရဲတပ်ဖွဲ့နဲ့ အရေးပေါ် ကယ်ဆယ်ရေး လုပ်သား ၅,၀၀ ကျော်ကို အဲဒီ စက်ရုံသို့ ချထားခဲ့ရပါတယ်။အဲဒီ စက်ရုံမီးလောင်ကျွမ်းမှုကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေမှာ စက်ရုံ အဆောက်အဦ ပြတင်းပေါက်တွေကနေ ခုန်ချတဲ့ အလုပ်သမားတွေကို တွေ့မြင်ရပါတယ်။မီးလောင်ကျွမ်းမှု ဖြစ်ပွားချိန် အဆောက်အဦးပြိုကျနိုင်တာကြောင့် မီးသတ်သမားတွေ အစပိုင်းမှာ မဝင်ရောက်နိုင်ခဲ့ဘူးလို့ ဒေသဆိုင်ရာ မီးသတ်ဌာန အကြီးအကဲ နန်ဒေါက်ဝူးက ပြောပါတယ်။မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းကို မသိရေသေးပေမယ့် မီးဟာ အလျင်အမြန် ပျံ့နှံ့ခဲ့ပြီး ပေါက်ကွဲမှုတွေလည်း ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။အဲဒီ စက်ရုံမှာ မီးလောင်လွယ်တဲ့ ဓာတုပစ္စည်းတွေလည်း ရှိတယ်လို့ တောင်ကိုရီးယား အရာရှိတွေက ပြောဆိုထားပါတယ်။


news-view-count-icon

6