ထိုင်းနိုင်ငံ၌ ဆီဈေးတွေ တက်လာ၊ ဆီတွေ ပြတ်လပ်လာတဲ့အတွက် တိရစ္ဆာန်သဂြိုဟ်တဲ့ သင်္ချိုင်းတွေဟာ အခုဆိုရင် လုပ်ငန်းတွေကို ရပ်နားသွားပါပြီ။ အဓိကတော့ ဈေးတွေ တက်နေတာ အမီမလိုက်နိုင်လို့ပါ။ တိရစ္ဆာန်ပိုင်ရှင်တွေအတွက်လည်း အခက်အခဲ တော်တော်လေးကြုံနေရတယ်လို့ဆိုပါတယ်။ ချွန်ပူရီ Bang Lamung မှာရှိတဲ့ Wat Sawang Fah Phuttharam မှာတော့ ပုံမှန်အတိုင်း လည်ပတ်နေပြီး မြှုပ်နှံဖို့ ဘတ် ၂ ထောင် စရိတ်တောင်းခံပြီး အဆင်ပြေအောင်လုပ်ပေးနေပါတယ်။ သင်္ဂြိုဟ်ပြီးရင် ပြာအိုးကိုတော့ သခင်တွေဆီပို့ပေးတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ တစ်ကောင် ၂ ထောင်နဲ့ လုပ်ပေးနေပြီး ဆီဈေးတက်မယ်ဆိုရင်တော့ စရိတ်လည်း တက်လာဖို့ရှိတယ်လို့ပြောပါတယ်။
| 9 | 0 | 0 | 0 |


