ထိုင်းနိုင်ငံ၊ဆုန်ကလာ ငါးဖမ်းသမား အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဒီဇယ်ဈေးတက်လာတာနဲ့အမျှ ငါးဖမ်းသင်္ဘောတွေကို ဆိပ်ကမ်းမှာသာ ရပ်နားထားရနိုင်ပြီး အခုလို ရပ်နားထားရနိုင်တာကြောင့် ပင်လယ်စာဈေးတွေ 50% အထိ တက်နိုင်တယ်လို့ပြောပါတယ်။ ဒီဇယ်က ငါးဖမ်းသမားတွေအတွက် အဓိက ကုန်ကျစရိတ်၊ ကုန်ကြမ်းဖြစ်ပြီး ပြီးခဲ့တဲ့ ရက်အတွင်း ဈေးနှစ်ဆ တက်လာခဲ့သလို တစ်လီတာ ၁၈ ဘတ်ကနေ ဘတ် ၄၀ အထိဖြစ်လာတာပါ။ အခုလို ဈေးတက်လာလို့ ငါးဖမ်းသမားတွေက ဈေးကို မညှိနှိုင်းနိုင်ဘဲ လက်လီဈေးနဲ့ တဖြည်းဖြည်း ကွာဟချက်များလာတာပါ။ဆုန်ကလာမှာရှိတဲ့ ငါးဖမ်းသင်္ဘော ၂၀၀ ကျော်က တစ်လကို ဒီဇယ် လီတာ ၂ သန်းကျော်သုံးပြီး သင်္ဘောအသေးတွေက ဈေးတက်တဲ့ ဒဏ်ကို အခံရဆုံးပါ။ B20 Biodisel ကြောင့် ဈေးကျနိုင်ပေမယ့် ကုန်ကျစရိတ်ကတော့များတယ်လို့ဆိုပါတယ်။ အစိုးရကတော့ လက်ရှိမှာ ဆီဈေးတည်ငြိမ်ဖို့ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး ငါးဖမ်းသူတွေကိုလည်းသေချာအဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ပြောထားပါတယ်။



