ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်ထဲက ဝါးခယ်မမြစ်( ဧရာဝတီမြစ်)အတွင်း ယမန်နေ့မှာ အသက် ၃၆ နှစ်အရွယ်လို့ ခန့်မှန်းရတဲ့ အမည်မသိ ပိုင်ရှင်မဲ့ အမျိုသား အလောင်းတခု မျောပါလာခဲ့တာကို ဝါးခယ်မမြို့က လူမှုကူညီရေး အသင်းအဖွဲ့တခုက ဆယ်ယူခဲ့ပါတယ်။ဆယ်ယူပြီးနောက် မြို့နယ်ပြည်သူ့ဆေးရုံရဲ့ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ပြီး ရေနစ်သေဆုံးတယ်ဆိုတဲ့ အတည်ပြုချက်ရပြီးတဲ့နောက်မှာ ဆယ်ယူခဲ့တဲ့ လူမှုကူညီရေးအသင်းကပဲ နာရေးသင်္ဂြိုလ်ခြင်း လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ပေးခဲ့ပါတယ်။
Mar 22 • 1:36 AM
Myanmar
Ayeyarwady
Share
| 9 | 0 | 0 | 0 |


