back

ရခိုင်သို့ တင်ပို့တဲ့ အာလူးအိတ် ၇၆၀နဲ့ ငါးဖမ်းစက်လှေ ၂ စီးကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့် တပ်ဖမ်းဆီး

Mar 22 • 1:36 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်သို့ တင်ပို့တဲ့ အာလူးအိတ် ၇၆၀နဲ့ ငါးဖမ်းစက်လှေ ၂ စီးကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့် တပ်ဖမ်းဆီး

မြန်မာနိုင်ငံ ရခိုင်သို့ တင်ပို့တဲ့ တာကာ ၅၇၀,၀၀၀ တန်ဖိုးရှိ အာလူးအိတ် ၇၆၀ အိတ်နဲ့ ငါးဖမ်းစက်လှေ ၂ စီးကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့် တပ်ဖမ်းဆီးလိုက်တယ်လို့ မနေ...

မြန်မာနိုင်ငံ ရခိုင်သို့ တင်ပို့တဲ့ တာကာ ၅၇၀,၀၀၀ တန်ဖိုးရှိ အာလူးအိတ် ၇၆၀ အိတ်နဲ့ ငါးဖမ်းစက်လှေ ၂ စီးကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့် တပ်ဖမ်းဆီးလိုက်တယ်လို့ မနေ့က သတင်းဖော်ပြပါတယ်။ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ် မီဒီယာအရာရှိ ဒုတိယဗိုလ်မှူးကြီး ဆာဘီရာ အလမ် ဆူဇန်က ကြာသပတေးနေ့ မွန်းလွဲပိုင်းက ဒီဖမ်းဆီးမှု အပေါ် အတည်ပြုခဲ့ပါတယ်။ ဖမ်းမိတာကတော့ သတင်းပေးချက်အရ စစ်တကောင်းအနီးရှိ နိုအာခါလီ၊ မက်ဂ်နာမြစ်မှာ ကြာသပတေးနေ့ အစောပိုင်းက ကမ်းခြေစောင့်တပ်က ဖမ်းမိတာလို့ ဆိုပါတယ်.။အကောက်ခွန်ရှောင်တိမ်းပြီး မြန်မာနိုင်ငံသို့ တရားမဝင်ပို့ဆောင်တာကြောင့် ဖမ်းဆီးတာလို့ ဘင်္ဂလာအာဏာပိုင်တွေက ပြောပါတယ်။ လူတွေကတော့ ထွက်ပြေးသွားတဲ့အတွက် ဖမ်းဆီးမိတာမရှိဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။

news-view-count-icon

13