ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနသည် လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှစတင်၍ တိုက်ကြီး၊ လှည်းကူး၊ မှော်ဘီ၊ တွံ့တေး၊ ကော့မှူးနှင့် ကွမ်းခြံကုန်းမြို့နယ်တို့ရှိ ရော်ဘာနှင့် သီဟိုဠ်စိုက်ခင်းများတွင် ရိုဘက်စတာကော်ဖီကို နှစ်ရှည်သီးညှပ်သီးနှံအဖြစ် ကနဦး ဧက ၁,၀၀၀ စတင်စိုက်ပျိုးသွားမည်ဖြစ်ပြီး ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ စုစုပေါင်း ဧက ၂၀,၃၉၀ အထိ တိုးချဲ့စိုက်ပျိုးရန် လျာထားကြောင်း သိရသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂,၅၀၀ အောက် မြေနိမ့်ပိုင်းတွင် ဖြစ်ထွန်းပြီး ပိုးမွှားဒဏ်ခံနိုင်ရည်ရှိသည့် အဆိုပါကော်ဖီအမျိုးအစားသည် ကမ္ဘာ့ဈေးကွက်ဝယ်လိုအား မြင့်မားနေသဖြင့် ဒေသခံတောင်သူများအတွက် အပိုဝင်ငွေရရှိစေမည့်အပြင် စိုက်ပျိုးလိုသူများအတွက်လည်း ပျိုးပင်များ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၆ မြို့နယ်တွင် ရိုဘက်စတာကော်ဖီကို နှစ်ရှည်သီးညှပ်သီးနှံအဖြစ် ဧကနှစ်သောင်းကျော် တိုးချဲ့စိုက်ပျိုးမည်
Mar 22 • 2:13 AM
Myanmar
Yangon
Share
| 8 | 0 | 0 | 0 |


