မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်ကျေးရွာ လူမှုဝန်ထမ်းဦးစီးဌာန၏မူလတန်းကြိုကျောင်းမှ ပဒေသာကပွဲနှင့်ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်ကအဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။ဆက်လက်ပြီး ကိုးပင်မူလတန်းကြိုကျောင်းမှ သမီးငယ်လေးများက စကားဝါမြေ သီချင်းပုဒ်ဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး တာဝန်ရှိသူများက သားငယ်၊ သမီးငယ်လေးများအားကျောင်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။ထို့နောက်တက်ရောက်လာကြသောကိုးပင်မူလတန်းကြိုကျောင်းမှ ဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများနှင့် မိဘပြည်သူများအား မူလတန်းကြိုကျောင်း အကြီးတန်းနှင့် အငယ်တန်းတို့မှ သားငယ်၊ သမီးငယ်များက ချစ်လိုက်တော့၊ ဘွန္တော၊ ပါလေရာလေး၊ဝေဿန္တရာပြဇာတ်၊ ပူတူတူးလေး၊ ခင်ထား၊ဦးနဲ့သမီး သီချင်း စသည်တို့ဖြင့်ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။



