back

မကွေးတိုင်း၊စကုမြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းမှ Grade-12(စက်မှု)ET ကျောင်းသား ကျောင်းသူများက ထနောင်းတော ဓာတ်အားခွဲရုံသို့ သွားရောက်လေ့လာ

Mar 22 • 1:33 AM

breaking-news

Myanmar

Magway

cover

မကွေးတိုင်း၊စကုမြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းမှ Grade-12(စက်မှု)ET ကျောင်းသား ကျောင်းသူများက ထနောင်းတော ဓာတ်အားခွဲရုံသို့ သွားရောက်လေ့လာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ ထနောင်းတော (10)MVA ဓာတ်အားခွဲရုံ၌ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများကို အခြေခံပညာနှ...

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ ထနောင်းတော (10)MVA ဓာတ်အားခွဲရုံ၌ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများကို အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(စကု)မှ Grade-12(စက်မှု)ET ကျောင်းသား ကျောင်းသူများက မနေ့ နံနက်ပိုင်းက မြေပြင်ကွင်းဆင်းပြီး သွားရောက်လေ့လာ ခဲ့ကြောင်း သိရသည်။တက္ကသိုလ်ဝင်စာမေးပွဲကို စကုမြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(စကု)ရှိ စာဖြေဌာန၌ Grade-12(စက်မှု)ET ဘာသာရပ်ကို ဝင်ရောက်ဖြေဆိုခဲ့ပြီးသူ ကျောင်းသား ၁၄ ဦး၊ ကျောင်းသူ ၇ ဦး စုစုပေါင်း ၂၁ ဦးက ကြီးကြပ်ရေးအဖွဲ့ ဆရာ၊ ဆရာမများနှင့်အတူ သွားရောက်လေ့လာစဉ် စကုမြို့လျှပ်စစ်မန်နေဂျာနှင့် တာဝန်ရှိသူများက နွေးထွေးစွာကြိုဆိုပြီး စကုမြို့ ထနောင်းတော (10)MVA ဓာတ်အားခွဲရုံအတွင်း နေ့စဉ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် အန္တရာယ်ကင်းရှင်းစွာဖြင့် လုပ်ငန်းများ လည်ပတ် ဆောင်ရွက်နေမှု၊ ဓာတ်အားခွဲရုံ တည်ဆောက်ပုံ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးပုံ လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ သုံးဆွဲ ဆောင်ရွက်စေရေး ပညာပေး လုပ်ငန်းများဆောင်ရွက်မှုနေမှု လုပ်ငန်းများကို သင်ကြားပို့ချ ပေးခြင်းနှင့် အသိပညာပေးရှင်းလင်း ပြောကြားခြင်းများ ဆောင်ရွက်ပြီးနောက် Grade-12 (စက်မှု)ET ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသော မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

8