၂၂.၃.၂၀၂၆ ရက်ယနေ့၊ ၀၄ နာရီ၁၆ မိနစ်အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ဖလံဗိုလ်ဒေါက်တန်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။အဆိုပါမီးေလာင်ကြောင်း သတင်းရရှိသဖြင့် စဉ့်ကိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၄ နာရီ၃၄ မိနစ်အချိန် မီးငြိမ်းပါသည်။



