သဘာဝဓာတ်ငွေ့ရည်(LNG ၃၃,၈၀၀ တန်)တင်ဆောင်လာသော MT DAPENG PRINCESS သင်္ဘောသည် ယနေ့ မတ် ၂၀ ရက်နံနက်ပိုင်းက (၅)ကြိမ်မြောက်အ ဖြစ် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းရှိ CVE ဘေးတွင်ကပ်ပြီး သဘာဝဓာတ်ငွေ့ရည်(LNG)များကိုဖြည့်တင်းပေးခဲ့သည်။အဆိုပါ သဘာဝဓာတ်ငွေ့ရည်(LNG)မှ လျှပ်စစ်ဓာတ်အား(၅၀၀)မဂ္ဂါဝပ်ထုတ်လွှတ်ပြီး သီလဝါစက်မှုဇုန်အ ပါအဝင် ရန်ကုန်တိုင်းရှိ စက်မှုဇုန်များနှင့် အရေးကြီးနေရာများကို (၁)ယူနစ်လျင် (၉၀၀)ကျပ်ဖြင့် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိရာ မဟာဓာတ်အားလိုင်းမှ အခြားနေရာများသို့ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။



