back

မြင်းခြံတွင် စက်သုံးဆီပြတ်လပ်မှုကြောင့် ဒေသထွက်ထုတ်ကုန် စျေးနှုန်းများ ထက်ဝက်ခန့် ထိုးကျ၊ မြို့ပေါ်ကုန်များ ဈေးတက်

Mar 21 • 4:14 PM

breaking-news

Myanmar

Mandalay

cover

မြင်းခြံတွင် စက်သုံးဆီပြတ်လပ်မှုကြောင့် ဒေသထွက်ထုတ်ကုန် စျေးနှုန်းများ ထက်ဝက်ခန့် ထိုးကျ၊ မြို့ပေါ်ကုန်များ ဈေးတက်

 မြင်းခြံမြို့နယ်တွင် စက်သုံးဆီ ဝယ်ယူရခက်ခဲပြီး စျေးနှုန်းအဆမတန်မြင့်တက်လာသည့် ရိုက်ခတ်မှုကြောင့် ဒေသထွက်ကုန် စျေးနှုန်းများ ထက်ဝက်ခန့် ကျဆင်းသွားကာ မြို့ပေါ်မှ...

 မြင်းခြံမြို့နယ်တွင် စက်သုံးဆီ ဝယ်ယူရခက်ခဲပြီး စျေးနှုန်းအဆမတန်မြင့်တက်လာသည့် ရိုက်ခတ်မှုကြောင့် ဒေသထွက်ကုန် စျေးနှုန်းများ ထက်ဝက်ခန့် ကျဆင်းသွားကာ မြို့ပေါ်မှ ဝယ်ယူရသော ကုန်ပစ္စည်းများမှာမူ စျေးတက်လာကြောင်း ဒေသခံများထံမှ သိရသည်။ ဒေသထွက် ကုလားပဲ၊ ပဲစင်းငုံနှင့် ပဲအမျိုးမျိုးမှာ ယခင်က တတောင်းလျှင် ယခင် ကျပ် ၁၀၀,၀၀၀ ကျော်မှ ယခု ၆၀,၀၀၀ ကျပ်၊ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ တပိဿာ လျှင် ၃,၀၀၀ ကျပ် မှ ၇၀၀ ကျပ်၊ ခရမ်းချဉ်သီး တပိဿာ ၃,၀၀၀ ကျပ် မှ ၁,၀၀၀ ကျပ် အထိ ဈေးနှုန်းကျဆင်းသွားသည်။သို့သော် မြို့ပေါ်မှ ဝယ်ယူရသည့် စားအုန်းဆီ၊ အသား၊ ငါးနှင့် ဟင်းချိုမှုန့် စသည့် ပြင်ပထုတ်ကုန်များမှမူ အမျိုးအစားအလိုက် ကျပ် ၄,၀၀၀ မှ ၅,၀၀၀ ကျပ် ခန့်အထိ တိုးမြင့်လာကြောင်း မြင်းခြံဒေသခံက ဆိုသည်။ ဓာတ်ဆီ၊ ဒီဇယ်ဆီများ ဈေးနှုန်းမြင့်တက်ခြင်း နှင့် ဝယ်ယူရရှိနိုင်ရန် ခက်ခဲလာခြင်းကြောင့် အဆင့်ဆင့် သယ်ယူတင်ပို့ရသည့်  ဒေသထွက်ကုန်များမှာ အရှုံးပေါ်ပြီး စိုက်ခင်းများ ပစ်ထားရသည်အထိ ဖြစ်နေကြောင်း ၊ ပြင်ပမှတင်သွင်းသည့် အစာများ ကျွေးရသည့် တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းများမှာလည်း ခက်ခဲနေကြောင်း ဒေသခံတောင်သူတဦးကပြောသည်။



news-view-count-icon

8