back

မြောက်ဥက္ကလာပတွင် ဘေးတွဲဆိုင်ကယ်ငှားစီးရာမှ Yite နှက်ခံရပြီး ဆွဲကြိုးနှင့်ပိုက်ဆံအိတ်ပါ လုယက်ခံရ

Mar 21 • 2:36 PM

breaking-news

Myanmar

Yangon

cover

မြောက်ဥက္ကလာပတွင် ဘေးတွဲဆိုင်ကယ်ငှားစီးရာမှ Yite နှက်ခံရပြီး ဆွဲကြိုးနှင့်ပိုက်ဆံအိတ်ပါ လုယက်ခံရ

ကျူးလွန်ခံရသူ အမျိုးသမီးကတော့ ယခုအချိန်ထိ စိတ်မတည်ငြိမ်သေးဘူးလို့ဆိုပါတယ်။ ညနေ ၅ နာရီလောက် မြောက်ဥက္ကလာပ အဝိုင်းမှာ ၃ ဘီးဆိုင်ကယ်ငှားစီးပြီးအိမ်ပြန်ရာမှ ဝတ်ဆင်ထ...

ကျူးလွန်ခံရသူ အမျိုးသမီးကတော့ ယခုအချိန်ထိ စိတ်မတည်ငြိမ်သေးဘူးလို့ဆိုပါတယ်။ ညနေ ၅ နာရီလောက် မြောက်ဥက္ကလာပ အဝိုင်းမှာ ၃ ဘီးဆိုင်ကယ်ငှားစီးပြီးအိမ်ပြန်ရာမှ ဝတ်ဆင်ထားတဲ့ ရွှေဆွဲကြိုးနဲ့အတူ ပါလာတဲ့ ပိုက်ဆံအိတ်ပါ လုယူခံခဲ့ရတာဖြစ်ပါတယ်။ သူမ ငှားရမ်းစီးနင်းလာတဲ့ ဆိုင်ကယ်ဟာ လမ်းတဝက်မှာ အသိတယောက်က လမ်းကြုံလိုက်ချင်လို့ဆိုကာ တက်လာခဲ့ပြီး လူရှင်းသောနေရာအရောက်တွင် သူမ လည်ပင်းအား ညှစ်ကာ၊ မျက်နှာအား Htoe ကြိတ်ပြီး လည်ပင်းမှာဆွဲထားသော ဆွဲကြိုး ၁ ကုံးနှင့် ငွေသား ၂ သိန်းပါ ပိုက်ဆံအိတ်အားလုယက်သွားတယ်လို့ နစ်နာသူ အမျိုးသမီးက သူမဖြစ်စဉ်ကို ပြောပြခဲ့ပါတယ်။



news-view-count-icon

11