back

ကျိုက်ထီးရိုးဘုရားဖူးသွားရာမှ သားအမိသုံးဦး ပျောက်ဆုံးနေ ဟုဆို

Mar 21 • 2:35 PM

breaking-news

Myanmar

Mon

cover

ကျိုက်ထီးရိုးဘုရားဖူးသွားရာမှ သားအမိသုံးဦး ပျောက်ဆုံးနေ ဟုဆို

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှ ကျိုက်ထီးရိုးဘုရားဖူးသွားသည့် သားအမိသုံးဦး ငါးရက်ကြာပျောက်ဆုံးနေကြောင်း သိရသည်။မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ (၁၄) ရပ...

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှ ကျိုက်ထီးရိုးဘုရားဖူးသွားသည့် သားအမိသုံးဦး ငါးရက်ကြာပျောက်ဆုံးနေကြောင်း သိရသည်။မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ (၁၄) ရပ်ကွက်၊ တိုက် (၁၁/၂၀၄) တွင်နေထိုင်သည့် သားအမိသုံးဦးသည် မတ်လ ၁၇ ရက်၊ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က ကျိုက်ထီးရိုးဘုရားဖူးသွားရမှ ပျောက်ဆုံးနေကြောင်း ၎င်းတို့၏မိသားစုဝင်တစ်ဦးထံမှ သိရသည်။ ပျောက်ဆုံးနေသူများမှာ မသန္တာအောင် အသက် ၄၁ နှစ်၊ အဘ ဦးလှရွှေ၏သမီးဖြစ်ပြီး၊ မောင်အံ့ထူးသွင် အသက် ၆ နှစ်၊ မောင်ညီဘုန်းပြည့်စုံ အသက် ၂ နှစ်တို့သည် ဦးရဲဝင်းထိုက်၏ သားနှစ်ဦးဖြစ်ကြောင်း သိရသည်။ငါးရက်ကြာပျောက်ဆုံးနေသည့် သားအမိသုံးကို မိသားစုဝင်များက စိုးရိမ်နေပြီး ၎င်းတို့သားအမိသုံးဦးအား တွေ့ရှိပါက ဖုန်းနံပါတ် 09766378684 သို့ အ မြန်ဆုံးအကြောင်းကြား ဆက်သွယ်ပေးပါရန် ဖခင်ဖြစ်သူက လူမှုကွန်ရက်တွင် အကူညီတောင်းထားသည်။



news-view-count-icon

24