back

မန္တလေးငလျင် (၁) နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပမည်

Mar 21 • 2:22 PM

breaking-news

Myanmar

Mandalay

cover

မန္တလေးငလျင် (၁) နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပမည်

မန္တလေးငလျင်ကြီး (၁)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပပြုလုပ်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီး ဝန် ကြီးချုပ်က ပြောပါတယ်။တစ်နှစ်ပြည့်တဲ့ လာမဲ့ မတ်(၂၈) ရက်၊ မန...

မန္တလေးငလျင်ကြီး (၁)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပပြုလုပ်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီး ဝန် ကြီးချုပ်က ပြောပါတယ်။တစ်နှစ်ပြည့်တဲ့ လာမဲ့ မတ်(၂၈) ရက်၊ မနက်ပိုင်းမှာ ပင့်သံဃာတော်တွေကို ဆွမ်းကပ်တာ ၊ သေဆုံးသွားသူတွေအတွက် အမျှအတန်း ပေဝေတာတွေ ပြုလုပ်မှာဖြစ်ပြီး နေ့လယ်ပိုင်းမှာဆိုရင် ငလျင်ကာလတုန်းက စွမ်းစွမ်းတမံ ကူညီ ဆောင် ရွက်ခဲ့ကြတဲ့ လူမှုရေး အဖွဲ့အစည်းတွေ၊ တခြားအဖွဲ့အစည်းတွေကို ဂုဏ်ပြုမှာ ဖြစ်တယ်လို့ မန္တလေးတိုင်း ဒေသကြီး ဝန် ကြီးချုပ်က ပြောပါတယ်။ လက်ရှိမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေသလို နောင်ပေါ်ထွက်လာမဲ့ အစိုးရသစ်တွေ အနေ နဲ့လည်း ဒီထူထောင်ရေးလုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ ပြောပါတယ်။




news-view-count-icon

20