မူဆယ်မြို့၊ ကောင်းမှုတုံ ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးအတွင်း မတ် ၂၀ ရက်၊ မနက်ပိုင်းက လုံခြုံရေး တပ်ဖွဲ့ဝင် တွေက သွားရောက်စစ်ဆေးရာ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန် နေတဲ့ တရုတ်နိုင်ငံသား အမျိုးသား ၈၅ ယောက်ကို ဖုန်းမျိုးစုံ (၂၈၆) လုံး၊ ကွန်ပျူတာ အလုံး ၃၀၊ Laptop ၂၈ လုံး၊ အဆောက်အအုံ တစ်လုံးတို့နဲ့အတူ ဖမ်းဆီး ရမိခဲ့တာ ဖြစ်ပါတယ်။
ဆက်လက်ပြီး မူဆယ်မြို့၊ တော်ရွက်ရပ်ကွက် နဲ့ စွမ်စော်ရပ်ကွက်တွေအတွင်းရှိ နေအိမ်နှစ်လုံးအတွင်းကနေ အွန်လိုင်း လိမ်လည်လောင်းကစားမှု ကျူးလွန်ရာမှာ အသုံးပြုတဲ့ ဖုန်းမျိုးစုံ (၁၃၁) လုံး နဲ့ ကွန်ပျူတာ ၂၈ တို့ကိုလည်း ဖော်ထုတ် တွေ့ရှိ သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လဲချားမြို့နယ်၊ ကောင်းစံကျေးရွာအနီး တစ်ဝိုက်မှာ နယ်မြေရှင်းလင်းရေး လုပ် ငန်းတွေ ဆောင်ရွက်စဉ် မတ် ၂၀ ရက်၊ ညနေပိုင်းက အဆောက်အအုံ ၉ လုံး နဲ့ ဂိုထောင်တစ်လုံး၊ Starlink ၁၀ လုံး၊ ကွန်ပျူတာ ၅၅ လုံး၊ Power Station ၁၀ လုံး နဲ့ ဆက်စပ်ပစ္စည်းတွေ ထပ်မံ ဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
အခုလို အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေ ကျူးလွန်နေတဲ့ ဖမ်းဆီးရမိသူတွေ နဲ့ သိမ်းဆည်းရမိဆက်စပ်ပစ္စည်း တွေကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။



