ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား အသက် (၁၈) နှစ်အောက် ကလပ်အသင်းပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။အဆိုပါ အသက် (၁၈) နှစ်အောက် ကလပ်အသင်းပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲကို လာမည့် မတ်လ (၂၅) ရက်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ကာ ပါဝင်ယှဉ်ပြိုင်လိုသည့် အသင်းများအနေဖြင့် ပြည်နယ်ရုံးတွင် လာရောက်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။ယင်းပြိုင်ပွဲတွင် ပထမဆု ငွေကျပ် (၂၀) သိန်းနှင့် တံခွန်စိုက်ဆု၊ တစ်ဦးချင်းဆုများကို လည်းကောင်း၊ ဒုတိယဆု (၁၅) သိန်းကျပ်နှင့် တစ်ဦးချင်းဆုများကို လည်းကောင်း၊ တတိယဆု (၁၀) သိန်းကျပ်နှင့် တစ်ဦးချင်းဆုများကို လည်းကောင်း၊ နေရာအလိုက် အကောင်းဆုံးဆု (၄) ဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုများကိုလည်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။



