ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ အထက(၁)ကျောင်းအနီး၊ Mini sushi ဆိုင်ရှေ့တွင် မတ်လ ၂၀ ရက်၊ ည ၇ နာရီ အချိန်ခန့် ခေတ္တရပ် ထားစဉ် HONDA အဖြူရောင် မော်တော်ဆိုင်ကယ် တစ်စီး ခိုးခံရကြောင်း သိရသည်။ထိုဘေးအိမ်တွင်လည်း မော်တော်ဆိုင်ကယ်နှစ်စီး ပျောက်ဆုံးသွားသည်မှာ မကြာသေးကြောင်း နှင့် ပြန်မရသေးကြောင်းသိရသည်။မတ်လ ၁၄ ရက်တွင်လည်း တောင်ကြီးမြို့၊ ရတနာ သီရိ နှင့် ချမ်းမြသာစည်အစပ် ရပ်ကွက်တွင် သော့ဖျက်ကာ ဆိုင်ကယ်နှစ်စီး ခိုးယူခံလိုက်ရကြောင်း ၊ ဆိုင်ကယ် များကို တွေ့ရှိပါက အကြောင်းကြား ပေးပါရန် ပိုင်ရှင်ဖြစ်သူက တောင်းဆိုထားသည်။တောင်ကြီးတွင် ဆိုင်ကယ် ပျောက်ဆုံးမှု မကြာခန ဖြစ်ပွားနေပြီး ၊ တခါတရံ အသိမပေးလိုဘဲ တိတ်တဆိတ် ပျောက်ဆုံးသွားသော ဖြစ်စဉ်များလည်း ရှိကြောင်း သိရသည်။



