back

ရန်ကုန်အခြေစိုက် ကီလိုတက္ကစီနှုန်းထားများလည်း ပြောင်းလဲသတ်မှတ်လာ

Mar 21 • 12:55 PM

breaking-news

Myanmar

Yangon

cover

ရန်ကုန်အခြေစိုက် ကီလိုတက္ကစီနှုန်းထားများလည်း ပြောင်းလဲသတ်မှတ်လာ

စက်သုံးဆီစျေးနှုန်းများ ပြောင်းလဲသွားပြီးနောက်တွင် ရန်ကုန်အခြေစိုက် ကီလိုတက္ကစီများမှာလည်း ယာဉ်စီးခနှုန်းထားသစ်ဖြင့် ပြောင်းလဲသတ်မှတ်လာကြောင်း အဆိုပါ ကီလိုတက္ကစ...

စက်သုံးဆီစျေးနှုန်းများ ပြောင်းလဲသွားပြီးနောက်တွင် ရန်ကုန်အခြေစိုက် ကီလိုတက္ကစီများမှာလည်း ယာဉ်စီးခနှုန်းထားသစ်ဖြင့် ပြောင်းလဲသတ်မှတ်လာကြောင်း အဆိုပါ ကီလိုတက္ကစီ Service လုပ်ငန်းများနှင့် စီးနင်းသော ခရီးသည်များထံမှ သိရသည်။အဆိုပါတက္ကစီများတွင် မူလက ကနဦးစစီးချင်းနှုန်းမှာ ကီလိုတက္ကစီ Service များအလိုက် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်ကြား ရှိရာမှ လက်ရှိတွင် ၄၀၀၀ ကျပ်သို့လည်းကောင်း၊ မြို့တွင်း တစ်ကီလိုမီတာလျှင် ၉၀၀ မှ ၁၀၀၀ ကျပ်ကြား၊ မြို့ပြင် ၁၁၀၀ ကျပ်မှ ၁၂၀၀ ကျပ်ကြားရှိရာမှ လက်ရှိတွင် မြို့တွင်း ၁၂၀၀ ကျပ်မှ ၁၄၀၀ ကျပ်ကြား၊ မြို့ပြင် ၁၅၀၀ ကျပ်မှ ၁၈၀၀ ကျပ်ကြား စသည်ဖြင့် စျေးနှုန်းများပြောင်းလဲသတ်မှတ်၍ ကောက်ခံလာခြင်းလည်းဖြစ်ကြောင်း သိရသည်။ထိုသို့ နှုန်းထားများပြောင်းလဲသတ်မှတ်ခဲ့သလို ညပိုင်းအချိန်များအဖြစ် စီးနင်းခကျသင့်ငွေအပြင်ထပ်မံ၍ ည ၈ နာရီမှ ၉ နာရီကြားတွင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်ကြား၊ ည ၉ နာရီမှ ၁၀ နာရီကြားတွင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်ကြား၊ ည ၁၀ နာရီမှ ၁၂ နာရီကြားတွင် ၃၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်ကြား စသည်ဖြင့် ကီလိုတက္ကစီ လုပ်ငန်းများအလိုက် စျေးနှုန်းများကို ပြောင်းလဲသတ်မှတ်လာခဲ့ကြသည်။ ကီလိုတက္ကစီအများစုတွင် ခရီးသည်လေးဦးသာတင်ဆောင်ပြီး အချို့သောတက္ကစီများတွင် အပိုတစ်ဦး တင်ဆောင်ကာ ယင်းလူအပိုခအဖြစ် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်ကြား သတ်မှတ်လာခဲ့ကြောင်း သိရသည်။ရန်ကုန်မြို့ရှိ တက္ကစီယာဥ်စီးခများကို လွန်ခဲ့သော ၂၀၂၃ ခုနှစ်လောက်က ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့‌ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)က တစ်ကီလိုလျှင် ၆၀၀ ကျပ် သတ်မှတ်ခဲ့ဖူးသည်။ ထိုစဉ်က ယာဉ်စီးစီးချင်း ကနဦး ၁၅၀၀ ကျပ်ဖြင့် တစ်ကီလိုလျှင် ၆၀၀ ကျပ်ကို သွားရောက်မည့်ခရီးစဉ် လမ်းကြောင်းအလိုက် ကီလိုတက္ကစီများမှ ကျသင့်ငွေကို တွက်ချက်ကောက်ခံခဲ့ဖူးသည်။လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၌ မှတ်ပုံတင်ထားသည့် တက္ကစီများမှာ စီးရေ ၅၉၀၀၀ ကျော်ရှိပြီး YRTC တွင် စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ထားသည့် တက္ကစီယာဉ်စီးရေမှာ ၅၃၀၀၀ ကျော်ရှိကြောင်း သိရသည်။





news-view-count-icon

12