back

ကရင်နီတွင် စက်သုံးဆီတစ်လီတာ ၈၀၀၀ ရှိ၍ စစ်ဘေးရှောင်ကူညီရေးအခက်ကြုံ

Mar 21 • 12:53 PM

breaking-news

Myanmar

Kayin

cover

ကရင်နီတွင် စက်သုံးဆီတစ်လီတာ ၈၀၀၀ ရှိ၍ စစ်ဘေးရှောင်ကူညီရေးအခက်ကြုံ

ကရင်နီပြည်တွင်စက်သုံးဆီစျေးတက်ခြင်းကြောင့်စစ်ဘေးရှောင်ပြည်သူများကို ကူညီထောက်ပံ့ရာ၌ အခက် အခဲများ ပိုမိုကြုံတွေ့လာကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။စစ...

ကရင်နီပြည်တွင်စက်သုံးဆီစျေးတက်ခြင်းကြောင့်စစ်ဘေးရှောင်ပြည်သူများကို ကူညီထောက်ပံ့ရာ၌ အခက် အခဲများ ပိုမိုကြုံတွေ့လာကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။စစ်ရှောင်တော်တော်များများရှိသည့် ကရင်နီပြည်အတွင်း စက်သုံးဆီ ရရှိနိုင်ရန်ခက်ခဲခြင်းနှင့် ဈေးနှုန်းများ မြင့်တက်နေခြင်းများဖြစ်ပေါ်နေကြောင်း သိရသည်ကရင်နီပြည်ဆီပေါက်စျေးသည် တစ်လီတာ ၈၀၀၀ ကျပ်ရှိပြီး ဆီဆိုင်များ အမြဲမဖွင့်သောကြောင့် ဆီရရှိနိုင်ရန်အခက်အခဲများရှိနေကြောင်းသိရသည်။ထို့အပြင် ဆီပန့်ကြီးများ၌ ဆီပြတ်သွားသောအချိန်တွင် ဆိုင်သေးများမှ ဆီတစ်လီတာ ၁၀၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိစျေးမြင့်တက်လေ့ရှိကြောင်း ၎င်း ကဆိုသည်။




news-view-count-icon

8