ယခုနှစ် ဖေဖော်ဝါရီလအတွင်း ဆွစ်ဇာလန်နိုင်ငံ၏လက်ပတ်နာရီ ပြည်ပတင်ပို့မှုမှာ အားကောင်းလာခဲ့ရကြောင်း ဆွစ်လက်ပတ်နာရီထုတ်လုပ်ရေးအဖွဲ့ချုပ်က မတ်၁၉ ရက်တွင် ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။အမေရိကန်ပြည်ထောင်စု ဂျပန်နှင့် ပြင်သစ်နိုင်ငံတို့၌ ဆွစ်နာရီများ ဝယ်လိုအား မြင့်တက် လာမှုကြောင့် ယခုနှစ်ဖေဖော်ဝါရီလအတွင်း ဆွစ်နာရီများ ပြည်ပတင်ပို့မှု အားကောင်း လာခဲ့ခြင်းဖြစ်သည်။
ဆွစ်လက်ပတ်နာရီ ထုတ်လုပ်ရေးလုပ်ငန်းအဖွဲ့ချုပ်၏ အဆိုအရ ယခုနှစ် ဖေဖော်ဝါရီလ အတွင်း ဆွစ်လက်ပတ်နာရီများ ပြည်ပတင်ပို့မှု စုစုပေါင်းတန်ဖိုးမှာ ဖရန့်စ်ငွေ ၂ ဒသမ ၂ ဘီလီယံ(အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၇ ဘီလီယံ)အထိရှိခဲ့ရာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ လနှင့် နှိုင်းယှဉ်ပါက၉ ဒသမ ၂ ရာခိုင်နှုန်း ရောင်းအားပိုမြင့်တက်လာကြောင်း သိရသည်။အမေရိကန်ပြည်ထောင်စုတွင်လည်း သမ္မတဒေါ်နယ်ထရန့်၏ အခွန်စည်းကြပ်မှုများ ရှိခဲ့သည့်တိုင် ဆွစ်လက်ပတ်နာရီများ ရောင်းအားမြင့်တက်လာခဲ့ရပြီးယမန်နှစ် ဖေဖော် ဝါရီလနှင့် နှိုင်းယှဉ်ပါက ၂၆ ဒသမ ၈ရာခိုင်နှုန်းအထိ ရောင်းအားပိုမြင့်မားခဲ့သည်။အထူးသဖြင့် ယခုနှစ် ဖေဖော်ဝါရီလအတွင်းပြင်သစ်နိုင်ငံ၌ ဆွစ်လက်ပတ်နာရီများ ရောင်း အား အထူးမြင့်တက်လာခဲ့ပြီး ပြင်သစ်နိုင်ငံမှာလည်း ဆွစ်လက်ပတ်နာရီများအတွက် တတိယအကြီးဆုံးဈေးကွက် ဖြစ်လာခဲ့ရသည်။



