back

တရုတ်နှစ်ပတ်လည်စီးပွားရေးထိပ်သီးအစည်းအဝေးဂျပန်မတက်

Mar 21 • 7:25 AM

breaking-news

China

Local News

cover

တရုတ်နှစ်ပတ်လည်စီးပွားရေးထိပ်သီးအစည်းအဝေးဂျပန်မတက်

တရုတ်နှင့် ဂျပန်နိုင်ငံတို့အကြား သံတမန်ရေးရာ တင်းမာမှုများ ရှည်ကြာနေခြင်းကြောင့် ယခုသီတင်းပတ်အတွင်း ပေကျင်းမြို့၌ ကျင်းပမည့် နိုင်ငံစုံကုမ္ပဏီကြီးများ၏ အဓိကဖိုရ...

တရုတ်နှင့် ဂျပန်နိုင်ငံတို့အကြား သံတမန်ရေးရာ တင်းမာမှုများ ရှည်ကြာနေခြင်းကြောင့် ယခုသီတင်းပတ်အတွင်း ပေကျင်းမြို့၌ ကျင်းပမည့် နိုင်ငံစုံကုမ္ပဏီကြီးများ၏ အဓိကဖိုရမ်သို့ ဂျပန်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးတစ်ယောက်မျှ တက်ရောက်မည်မဟုတ်ကြောင်း သိရသည်။

တနင်္ဂနွေနေ့မှ တနင်္လာနေ့အထိ ကျင်းပမည့် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်သို့ အဓိကနိုင်ငံခြားကုမ္ပဏီကြီးများမှ ထိပ်သီးအမှုဆောင် အရာရှိ ၈၀ နီးပါး တက်ရောက်မည်ဖြစ်သည်။ ယင်းတို့အနက် အမေရိကန်လုပ်ငန်းရှင်အဖွဲ့မှာ အများဆုံးဖြစ်ကြောင်း အဆိုပါစာရင်းတွင် ဖော်ပြထားသည်။တစ်ချိန်တည်းမှာပင် အရှေ့အလယ်ပိုင်းဒေသမှ အပါအဝင် အချို့သော နိုင်ငံခြားစီအီးအို များသည်လည်း အီရန်စစ်ပွဲကြောင့် နိုင်ငံတကာခရီးသွားလာရေးနှင့် ၎င်းတို့၏ ပြည်တွင်းလုပ်ငန်းလည်ပတ်မှုများ အနှောင့်အယှက်ဖြစ်ခဲ့ရသဖြင့် အဆိုပါနှစ်ပတ်လည်ပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခံထားရသော်လည်း ခရီးစဉ်များကို ဖျ-က်သိမ်းခဲ့ကြကြောင်း သိရသည်။




news-view-count-icon

8